၄၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်ပြည်မကြီးမှာ ပါကစ္စတန်ရုပ်ရှင်ဇာတ်ကားကို ထုတ်လွှင့်ပြသ

၄၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်ပြည်မကြီးမှာ ပါကစ္စတန်ရုပ်ရှင်ဇာတ်ကားတစ်ကားကို သောကြာနေ့က စတင် ထုတ်လွှင့်ပြသကြောင်း Global Times သတင်းအရ သိရပါတယ်။

တရုတ်နဲ့ ပါကစ္စတန်တို့ ပူးပေါင်းထုတ်လုပ်တဲ့ စတုတ္ထမျိုးဆက် တိုက်လေယာဉ် JF-17 နဲ့ ပြင်သစ်ထုတ် Mirage2000 တိုက်လေယာဉ်တို့ကို ဦးစားပေး နှိုင်းယှဉ်ဖော်ပြထားတဲ့ ဒီရုပ်ရှင်ဇာတ်ကားမှာ ပါကစ္စတန်နိုင်ငံရဲ့ မျိုးချစ် လေသူရဲတစ်စုရဲ့ စိန်ခေါ်မှုနဲ့ ကြိုးစားမှုတွေအကြောင်းကို ရိုက်ကူးတင်ဆက်ထားပါတယ်။

ရှေ့ဆက်ပြီး တရုတ်နိုင်ငံသားတွေကို ပါကစ္စတန်ယဉ်ကျေးမှုနဲ့ ပိုမိုထိတွေ့ခွင့်ရစေဖို့အတွက် ပါကစ္စတန် ရုပ်ရှင်ဇာတ်ကားတွေကို တရုတ်ပြည်မကြီးမှာ ထုတ်လွှင့်ပြသဖို့ ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။

ကိုးကား – Global Times
သတင်း – မောင်ဇေယျ
ဓာတ်ပုံ – Arab News PK