တရုတ်ပရိသတ်တွေရဲ့အားပေးမှုကို ရရှိနေတဲ့ ပါကစ္စတန်လေသူရဲရုပ်ရှင်ဇာတ်လမ်း

လေးဆယ့်ငါးနှစ်အတွင်း တရုတ်ပြည်မကြီးမှာ ပထမဆုံးပြသတဲ့ ပါကစ္စတန်ရုပ်ရှင်ဇာတ်ကားကို တရုတ်ရုပ်ရှင်ပရိသတ်တွေ နှစ်ခြိုက်အားပေးကြကြောင်း The News ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

“Parwaaz Hai Junoon”လို့ အမည်ပေးထားတဲ့ ဒီရုပ်ရှင်ဇာတ်ကားကို အခုတစ်ပတ်အစောပိုင်းက တရုတ်နိုင်ငံမှာ စတင်ပြသခဲ့တာဖြစ်ပါတယ်။

ပါကစ္စတန်လေသူရဲရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ အဲဒီဇာတ်ကားကို တရုတ်မီဒီယာတွေကလည်း အွန်လိုင်းမှာ ကြော်ငြာပေးတာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိုခံခဲ့ရတာဖြစ်ပါတယ်။

ကိုးကား – The News
သတင်း – မောင်ဇေယျ