တရုတ်စစ်အက်ရှင်ဇာတ်ကား “The Sacrifice” ရဲ့ဝင်ငွေ ယွမ် တစ်ဘီလျံကျော်ရရှိ

တရုတ်နိုင်ငံရဲ့အပတ်စဉ် Box Office စာရင်းမှာ “The Sacrifice” ရုပ်ရှင်ဇာတ်ကားက လေးပတ်ဆက်တိုက် ထိပ်ဆုံးကနေ ရပ်တည်နေကြောင်း CGTN သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။

တရုတ်စစ်အက်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ “The Sacrifice” ဇာတ်ကားရဲ့ဝင်ငွေဟာ ယွမ် တစ်ဘီလျံကျော်အထိရှိလာပြီး ဒီနှစ်ထဲ တရုတ်နိုင်ငံရဲ့ဝင်ငွေအများဆုံး ရုပ်ရှင်ဇာတ်ကားတွေစာရင်းမှာ အဆင့်(၄)ကို ရောက်လာပါတယ်။

အမေရိကန်စူပါဟီးရိုးရုပ်ရှင်ဇာတ်ကား “Hellboy” နဲ့ ဟောင်ကောင်ဒရာမာရုပ်ရှင်ကား “Find Your Voice” တို့ အပါအဝင် အရင်တစ်ပတ်က ရုပ်ရှင်ဇာတ်ကားသစ် ၁၀ ကား ထုတ်လွှင့်ခဲ့ပေမယ့် “The Sacrifice” ကိုတော့ မကျော်နိုင်ခဲ့ပါဘူး။

ကိုးကား – CGTN
သတင်း – မောင်ဇေယျ