ATP Finals တင်းနစ်ပြိုင်ပွဲမှာ အကြိုဗိုလ်လုပွဲကို ဒေါမနစ်တီယန် အစောဆုံး ရောက်

သြစတြီးယားတင်းနစ်သမား ဒေါမနစ်တီယန်ဟာ ကျင်းပနေတဲ့ ATP Finals တင်းနစ်ပြိုင်ပွဲမှာ အကြိုဗိုလ်လုပွဲကို အစောဆုံး တက်နိုင်တဲ့ ကစားသမားဖြစ်လာပါတယ်။

ဒေါမနစ်တီယန်ဟာ ယမန်နေ့က ကစားတဲ့ အုပ်စုပွဲစဉ်မှာ ပြင်သစ်အိုးပင်းချန်ပီယံ ရာဖေးနာဒဲလ်ကို ၇-၆၊ ၇-၆ တို့နဲ့ နှစ်ပွဲပြတ်နိုင်ခဲ့လို့ အကြိုဗိုလ်လုပွဲကို အစောဆုံးတက်နိုင်တာဖြစ်ပါတယ်။

ဒေါမနစ်တီယန်ကို ရှုံးတဲ့အတွက် နာဒဲလ်ကတော့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ လက်ရှိချန်ပီယံ ဆီဆီပါ့စ်ကို မဖြစ်မနေ အနိုင်ကစားဖို့ လိုလာကြောင်း ဘီဘီစီ သတင်းတစ်ရပ်အရ သိရပါတယ်။

ကိုးကား – BBC
သတင်း – မောင်ဇေယျ