စပိန်ကို ခြောက်ဂိုးပြတ်နဲ့ ရှုံးခဲ့ပေမယ့် ဂျာမနီအသင်းမှာ နည်းပြအပြောင်းအလဲဖြစ်ဖို့မရှိ

ယမန်နေ့ကကျင်းပတဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ စပိန်ကို ခြောက်ဂိုးပြတ်နဲ့ ရှုံးခဲ့ပေမယ့် ဂျာမနီလက်ရွေးစင်အသင်းမှာ နည်းပြ အပြောင်းအလဲဖြစ်လာဖို့ မရှိဘဲ လက်ရှိနည်းပြ ဂျိုအာချင်လိုးနဲ့ပဲ ဆက်လက်တွဲသွားမယ်လို့ အသင်းမန်နေဂျာ ဘီယာဟော့ဖ်က ပြောလိုက်ပါတယ်။

ဆီဗီးလ်မြို့မှာ ကစားတဲ့ အဲဒီပွဲစဉ်မှာ စပိန်အသင်းက ဖာရန်တောရက်စ်ရဲ့ ဟက်ထရစ်အပါအဝင် ခြောက်ဂိုးပြတ်နဲ့ ဂျာမနီကို အနိုင်ရခဲ့ပြီး နေးရှင်းလိဂ်ပြိုင်ပွဲမှာ အကြိုဗိုလ်လုပွဲကို တက်နိုင်ခဲ့ပါတယ်။

ဂျာမနီအသင်းသမိုင်းတစ်လျှောက် ၁၉၃၁ ခုနှစ်က သြစတြီးယားကို ခြောက်ဂိုးပြတ်နဲ့ ရှုံးပြီးနောက်ပိုင်း အဆိုးရွားဆုံးအရှုံးနဲ့ ရင်ဆိုင်ရတာလည်း ဖြစ်ပါတယ်။

ပွဲအပြီးမှာ ဂျာမနီအသင်းမန်နေဂျာ အိုလီဗာဘီယာဟော့ဖ်က “ပွဲရလဒ်ကြောင့် ဘာအပြောင်းအလဲမှ ဖြစ်ဖို့မရှိပါဘူး။ ကျွန်တော်တို့အားလုံး နည်းပြဂျိုအာချင်လိုးကို ယုံကြည်မှုအပြည့်ရှိနေပါသေးတယ်။ သူ့ကို လုံးဝ သံသယ မဝင်ပါဘူး”လို့ ဆိုပါတယ်။

ကိုးကား – Goal
သတင်း – မောင်ဇေယျ