အာဖဂန်နစ္စတန်စစ်ပွဲကာလအတွင်း အရပ်သား ၃၉ ဦးကို ဩစတြေးလျအထူးတပ်ဖွဲ့ဝင်တွေ သတ်ဖြတ်ခဲ့တာကို စစ်ဆေးတွေ့ရှိရတယ်လို့ ရိုက်တာသတင်းတစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။
၂၀၀၁ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ အာဖဂန်စစ်ပွဲမှာ ဩစတြေးလျအပါအဝင် မဟာမိတ်တပ်ဖွဲ့တွေ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၉ ကနေ ၂၀၁၃ ခုနှစ်အတွင်း အပြစ်မဲ့အရပ်သားတွေ သတ်ဖြတ်ခံရတဲ့ ကိစ္စဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
ဩစတြေးလျကာကွယ်ရေးတပ်ဖွဲ့ ADF ဟာ အဆိုပါစွပ်စွဲချက်အတွက် ၄ နှစ်ကြာစုံစမ်းစစ်ဆေးခဲ့ပြီး ယမန်နေ့ မှာတော့ အစီရင်ခံစာထုတ်ပြန်ခဲ့ပြီဖြစ်ပါတယ်။

ဒီအစီရင်ခံစာအရ ဩစတြေးလျအထူးတပ်ဖွဲ့မှာပါဝင်တဲ့ တပ်ဖွဲ့ဝင် ၁၉ ဦးဟာ အာဖဂန်အကျဉ်းသားနဲ့ လက်နက်မဲ့ပြည်သူ ၃၉ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ၊ အဲဒီလိုသတ်ဖြတ်ရတဲ့အကြောင်းရင်းကတော့ တိုက်ပွဲအတွေ့အကြုံရစေဖို့ အထက်အရာရှိရဲ့စေခိုင်းချက်ဖြစ်ကြောင်း သိရပါတယ်။
ကိုးကား – ရိုက်တာ
သတင်း – ကိုဆွဲ(မုံရွာ)