ဘာစီလိုနာရဲ့ပြဿနာတိုင်းမှာ ပါဝင်နေရတာကို ငြီးငွေ့နေပြီလို့ မက်ဆီပြောကြား

အသင်းဖော်တိုက်စစ်မှူးဂရစ်ဇမန်းနဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရတဲ့ ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်မက်ဆီက အသင်းရဲ့ပြဿနာတိုင်းမှာ ပါဝင်နေရခြင်းကို ငြီးငွေ့နေပြီလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဂရစ်ဇမန်းဟာ အသက်လက်တီကိုအသင်းကနေ ဘာစီလိုနာကိုပြောင်းရွှေ့လာခဲ့ပြီးနောက် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပါတယ်။ ဒါဟာ မက်ဆီလိုနာမည်ကျော်ကစားသမားနဲ့ တစ်သင်းတည်းရှိနေပြီး နေရာရဖို့ အပြိုင်အဆိုင်ကြိုးစားနေရခြင်းကြောင့်ဖြစ်တယ်လို့ ဂရစ်ဇမန်းရဲ့ဦးလေးတော်စပ်သူနဲ့ အေးဂျင့်ဖြစ်သူတို့က ဝေဖန်ခဲ့တာပါ။

ဒီဝေဖန်မှုနဲ့ပတ်သက်ပြီး မက်ဆီက “ အသင်းက လူတိုင်းရဲ့ပြဿနာမှာ ကျွန်တော်အမြဲတမ်း ပါဝင်နေရပါတယ်။ ဒီအတွက် ငြီးငွေ့နေပါပြီ” လို့ ပြောကြားခဲ့တာပါ။

ကိုးကား – Goal.com
သတင်း – ကိုဆွဲ(မုံရွာ)