ယူနိုက်တက် နောက်ခံလူ လင်ဒယ်အော့ဖ် နောက်ကျောဒဏ်ရာနဲ့ ရုန်းကန်နေရ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူ ဗစ်တာလင်ဒယ်အော့ဖ်အနေနဲ့ နောက်ကျောဒဏ်ရာရရှိထားပြီး ကြံ့ခိုင်မှုပြည့်ဝဖို့ ရုန်းကန်နေရတယ်လို့ ဆွီဒင်လက်ရွေးစင်အသင်းရဲ့လက်ထောက်နည်းပြ ပီတာဝက်တာဂရန်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

လင်ဒယ်အော့ဖ်ဟာ လွန်ခဲ့တဲ့အပတ်၊ အင်္ဂါနေ့က ပြင်သစ်နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ နောက်ကျောဒဏ်ရာကြောင့် လူစားလဲမှုခံယူခဲ့ရပြီး လက်ရှိအချိန်အထိလည်း ကြံ့ခိုင်မှုပြည့်ဝလာခြင်း မရှိသေးပါဘူး။

လင်ဒယ်အော့ဖ်နဲ့ပတ်သက်လို့ ဆွီဒင်လက်ရွေးစင် လက်ထောက်နည်းပြ ဝက်တာဂရန်က “ ပြင်သစ်နဲ့ ပွဲစဉ်မတိုင်ခင်ကတည်းက လင်ဒယ်အော့ဖ်ဟာ နောက်ကျောဒဏ်ရာရှိနေခဲ့တယ် ထင်ပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်း ဆင်းနိုင်နေတာကြောင့် လူစာရင်းမှာ ထည့်သွင်းခဲ့တာပါ” လို့ ပြောကြားခဲ့ပါတယ်။

လင်ဒယ်အော့ဖ် မကစားနိုင်တာဟာ လာမယ့်စနေနေ့မာ ဝက်စ်ဘရွန်းနဲ့ရင်ဆိုင်ရမယ့် ယူနိုက်တက်အသင်းအတွက်တော့ သတင်းဆိုးတစ်ရပ်ဖြစ်လာခဲ့ပါတယ်။

ကိုးကား – Sportsmole
သတင်း – ကိုဆွဲ(မုံရွာ)