အမေရိကန်အစိုးရအပြောင်းအလဲလုပ်ငန်းတွေ ဆောင်ရွက်ဖို့ သမ္မတ ထရမ့် လက်ခံ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရွေးကောက်ပွဲရလဒ်ကို ဥပဒေရေးရာအရ ဆက်လက်တိုက်ပွဲဝင်နေပေမယ့် အစိုးရအပြောင်းအလဲလုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် တနင်္လာနေ့က လက်ခံလိုက်ပြီလို့ CNN သတင်းအရ သိရပါတယ်။

အမေရိကန်အစိုးရအပြောင်းအလဲလုပ်ငန်းတွေကို ဦးစီးဆောင်ရွက်ရတဲ့ အထွေထွေဝန်ဆောင်မှုအုပ်ချုပ်ရေးအဖွဲ့ (GSA)ကနေ တရားဝင်အကြောင်းကြားစာတစ်စောင်ထွက်လာပြီး အဲဒီစာအရ ရွေးချယ်ခံသမ္မတလောင်း ဂျိုးဘိုင်ဒန်ဟာ အစိုးရအပြောင်းအလဲလုပ်ငန်းတွေကို စတင်ဆောင်ရွက်ခွင့်ရတော့မှာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ GSA အုပ်ချုပ်ရေးမှူး မစ္စ အီမီလီမာဖီ ကနေ ရွေးချယ်ခံသမ္မတလောင်း ဂျိုးဘိုင်ဒန်အတွက် အစိုးရအပြောင်းအလဲလုပ်ငန်းတွေမှာ အသုံးပြုဖို့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၆.၃ သန်းကို လွှဲပြောင်းပေးသွားမယ်လို့ သိရပါတယ်။

ကိုးကား – CNN
သတင်း – မောင်ဇေယျ