အင်တာမီလန်နဲ့ပွဲကို ရာမို့စ်နဲ့ ဘန်ဇီးမားတို့ လွှဲချော်မယ်လို့ ရီးရဲလ်မက်ဒရစ် အတည်ပြု

ဒဏ်ရာကြောင့်နားနေရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်နဲ့ တိုက်စစ်မှူး ဘန်ဇီးမားတို့ဟာ ဗုဒဟူးနေ့ အင်တာမီလန်နဲ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဦးမှာမဟုတ်ကြောင်း ဂိုးလ်ဒေါ့ကွန်းမှာ ဖော်ပြထားပါတယ်။

ရာမို့စ်နဲ့ ဘန်ဇီးမားတို့နှစ်ဦးစလုံးဟာ စနေနေ့က ဗီလာရီးရဲလ်နဲ့ တစ်ဂိုးစီသရေကျတဲ့ပွဲမှာလည်း ပါဝင်ကစားနိုင်ခြင်းမရှိပါဘူး။

ဒါပေမယ့် COVID-19 ရောဂါကနေ သက်သာလာတဲ့ကွင်းလယ်လူ ကက်စမဲရိုးကတော့ အင်တာမီလန်နဲ့ပွဲအတွက် ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ မီလန်မြို့ကို လိုက်ပါသွားတယ်လို့ သိရပါတယ်။

ကိုးကား – Goal.com
သတင်း – မောင်ဇေယျ