Black Panther2 ဇာတ်ကားမှာ ရီးဟာနား ပါဝင်သရုပ်ဆောင်မယ်ဆိုတဲ့သတင်း ကောလဟာလဖြစ်ကြောင်း ဒေလီးမေးသတင်း ဖော်ပြ

Balck Panther 2 ရုပ်ရှင်ဇာတ်ကားမှာ ရီဟားနား ပါဝင်သရုပ်ဆောင်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာကြောင့် Marvel ပရိသတ်တွေအကြား တော်တော်လေးလှုပ်ခတ်သွားပေမယ့် ကောလာဟလသာဖြစ်တယ်လို့ ဒေးလီးမေးလ်သတင်းအရ သိရပါတယ်။

တနင်္လာနေ့က Google Search မှာ Balck Panther 2 ရုပ်ရှင်ဇာတ်ကားရဲ့ သရုပ်ဆောင်စာရင်းထဲ ရီဟားနားရဲ့ နာမည်ပါဝင်နေတာကို တွေ့ကြရာကနေ ကောလာဟလသတင်းတွေ စတင်ထွက်လာတာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး Marvel တာဝန်ရှိသူတွေကရော ရီဟာနားအဖွဲ့ကိုယ်စားလှယ်တွေကပါ လုံးဝအတည်မပြုခဲ့ပါဘူး။

Balck Panther 2 ရုပ်ရှင်ဇာတ်ကားအတွက် ရိုက်ကူးရေးလုပ်ငန်းတွေကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လထဲ အတ္တလန္တာမြို့မှာ စတင်ဆောင်ရွက်မှာဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ရုံတင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။

ကိုးကား – dailymail.co.uk
သတင်း – မောင်ဇေယျ