COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာ (၁၃၃၀ )ဦးထပ်မံတိုး

သေဆုံးသူ (၂၆ )ဦးတွင် ရောဂါအခံရှိသူ (‌၂၃ )ဦးပါဝင်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့(နိုဝင်ဘာ ၂၅ရက်) ည ၈ နာရီ ထုတ်ပြန်ချက် အရ ဓာတ်ခွဲအတည်ပြု လူနာ (၁၃၃၀)ဦးထပ်မံတိုးခဲ့ပြီး သေဆုံးသူ (၂၆ )ဦးရှိကြောင်းသိရသည်။

အဆိုပါ သေဆုံးလူနာ (၂၆)‌ဦးအနက် ရောဂါအခံဖြင့်သေဆုံးသူ (၂၃)‌ဦး ပါဝင်ကြောင်း သိရသည်။

ယမန်နေ့ (နိုဝင်ဘာ ၂၄ ရက်) ည (၈)နာရီမှ ယနေ့ (နိုဝင်ဘာ ၂၅ ရက်) ည (၈)နာရီ အတွင်းဓာတ်ခွဲနမူနာ (၁၇၃၄၇)ခုအားစစ်ဆေးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၁၃၃၀)ဦးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိမြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း (၈၃၅၆၆)ဦးရှိပြီဖြစ်ပြီး ပြန်လည်ကောင်းမွန်လာသဖြင့်ဆေးရုံမှဆင်းခွင့်ရရှိသူ စုစုပေါင်း (‌၆၃၃၆၆)ဦး ရှိပြီ ဖြစ်သည်။

ထို့ပြင်သေဆုံးသူစုစုပေါင်း(၁၈၁၀)ဦးရှိပြီဖြစ်သည်။

သတင်း-အဉ္ဇလီသင်း/စံတော်ချိန်