(နိုဝင်ဘာ ၂၆ ရက်၊ ညနေ ၅ နာရီအထိအချက်အလက်)
ယမန်နေ့ညတွင်ရောဂါပိုးတွေ့သူ – (၁၃၃၀) ဦး
ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း – (၈၃၅၆၆) ဦး
ရောဂါပိုးတွေ့အများဆုံးတိုင်း၊ပြည်နယ် – ရန်ကုန်
ရောဂါပိုးတွေ့အများဆုံး မြို့နယ် – မြောက်ဥက္ကလာပ
ယမန်နေ့ ( နိုဝင်ဘာ ၂၅ ရက်) ည ၈ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ( ၁၃၃၀ ) ဦးထပ်မံတိုးလာခဲ့သည်။
ထုတ်ပြန်ချက်အရ ထပ်မံတိုးလာသည့်လူနာများအနက် ပိုးတွေ့လူနာအများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီးမှ ဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ်သည် ပိုးတွေ့လူနာအများဆုံး တွေ့ရှိသည့်မြို့နယ်ဖြစ်သည်။
မြန်မာနိုင်ငံ၌ ယနေ့အချိန်အထိ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၈၃၅၆၆) ဦးရှိနေပြီး သေဆုံးသူစုစုပေါင်း (၁၈၁၀)ဦးရှိပြီဖြစ်သည်။
COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက်ဆေးရုံမှဆင်းခွင့်ရရှိသူ (၆၃၃၆၆) ဦးရှိပြီဖြစ်သည်။
သတင်း – မိုးသိမ့်နိုင်/စံတော်ချိန်