COVID-19ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၁၆၃၉) ဦးထပ်တိုး၍ (၃၆) ဦး ထပ်မံ သေဆုံး

ယနေ့အတွက် COVID-19 ရောဂါဓာတ်ခွဲနမူနာ(၂၀၁၁၈) ခုအား စစ်ဆေးပြီးခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာ (၁၆၃၉) ဦးထပ်တိုးကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနကသတင်းထုတ်ပြန်လိုက်သည်။

ရောဂါပိုးတွေ့လူနာများထဲမှ (၃၆) ဦးထပ်မံသေဆုံးပြီး သေဆုံးသူလူနာစုစုပေါင်း (၁၈၄၆) ဦးရှိနေပြီဖြစ်ကြောင်းထုတ်ပြန်ချက်အရသိရသည်။

ယနေ့သေဆုံးသူ (၃၆) ဦးထဲတွင်ရောဂါအခံရှိသူ (၂၃) ဦးပါဝင်ကြောင်းသိရသည်။

လက်ရှိအချိန်အထိမြန်မာနိုင်ငံတွင်COVID-19ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၈၅၂၀၅) ဦးရှိနေပြီး ရောဂါမှပြန်လည်သက်သာလာသူ (၆၄၆၄၅) ဦးရှိနေပြီဖြစ်သည်။

သတင်း-မိုးသိမ့်နိုင်/စံတော်ချိန်