အာဂျင်တီးနား ဂန္ထဝင်ကစားသမားကြီး မာရာဒိုနာကွယ်လွန်မှုအတွက် ယနေ့နံနက် ချန်ပီယံလိဂ်ပွဲမှစ၍ တစ်ပတ်အတွင်း ကစားမည့်လိဂ်ပွဲစဉ်များ မယှဉ်ပြိုင်မီ တစ်မိနစ်ငြိမ်သက်ဂုဏ်ပြုမည်

ကွယ်လွန်သူကမ္ဘာကျော်အာဂျင်တီးနားကြယ်ပွင့်မာရာဒိုနာအတွက် ယနေ့နံနက်ကစားမည့် ချန်ပီယံလိဂ်ပွဲအပါအဝင် တစ်ပတ် အတွင်း ကစားမည့် လိဂ်ပွဲများမတိုင်မီ တစ်မိနစ်ငြိမ်သက်ပြီး ဝမ်းနည်း ခြင်း အထိမ်းအမှတ်လုပ်သွားမည်ဟု ဘီဘီစီသတင်း တစ်ရပ်အ ရသိရ သည်။

မာရာဒိုနာသည်၁၉၈၆ကမ္ဘာ့ဖလားပြိုင်ပွဲ၌အာဂျင်တီးနားအသင်းနှင့်အတူချန်ပီယံဖြစ်ခဲ့ပြီးကစားသမားဘဝတလျှောက်အာဂျင်တီးနားအသင်းအတွက်ကမ္ဘာ့ဖလားပြိုင်ပွဲလေးကြိမ်အထိယှဉ်ပြိုင်ကစားခဲ့သည်။၎င်းသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပစဉ်အတွင်းရုရှားနိုင်ငံအထိ သွားရောက်ကြည့်ရှုရင်း ကွင်းအတွင်း၌သတိလစ်မေ့မြောသွား၍ အ ရေးပေါ်ဆေးရုံတင်ခဲ့ရသေးသည်။

မာရာဒိုနာ၏နာရေးသတင်းကိုကြားသိရပြီးနောက်ကမ္ဘာ့ဘောလုံးအသိုင်းအဝိုင်းမှ ကစား သမား ဟောင်းများအပါအဝင်လက်ရှိ ကစား သမား များကပါ ဝမ်းနည်းကြောင်းသတင်းစကားများကို လူမှု ကွန်ရက်ဝက်ဘ်ဆိုက်များမှတစ်ဆင့် အသီးသီး ပြောခဲ့သည်။

သတင်း-မောင်ဇေယျ
ဓာတ်ပုံ-Getty Images
ကိုးကား-BBC