ကမ္ဘာကျော်အာဂျင်တီးနားဂန္တဝင်ဘောလုံးသမားမာရာဒိုနာနှလုံးရောဂါဖြင့်ကွယ်လွန်

ရာစုနှစ်တစ်ခု၏အကောင်းဆုံးဘောလုံးသမားတစ်ဦးဖြစ်သည့်အသက်(၆၀)နှစ်အရွယ်ရှိအာဂျင်တီးနားဂန္တဝင်ကစားသမားဒီယေဂိုမာရာဒိနာသည်နိုဝင်ဘာ၂၅ရက်တွင်နေအိမ်၌နှလုံးရောဂါဖြင့်ကွယ်လွန်ခဲ့ပြီဖြစ်သည်။

ဦးနှောက်အတွင်းသွေးခဲမှုကိုခွဲစိပ်ကုသမှုအပြီးသုံးပတ်အကြာတွင်နေအိမ်၌ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း၎င်း၏ဥပဒေအကြံပေးကပြောသည်။

ထင်ရှားအကျော်အကြားဆုံးကစားသမားဖြစ်သည့်မာရာဒိုနာသည်၎င်း၏အချိန်အများစုကိုကစားကွင်းပြင်ပတွင်အချိန်ကုန်ဆုံးစေခဲ့ပြီးအရက်နှင့်မူးယစ်ဆေးဝါးတို့နှင့်ပတ်သက်၍နာမည်ဆိုးနှင့်ကျော်ကြားခဲ့သူတစ်ဦးလည်းဖြစ်ခဲ့သည်။

၎င်းသည်၁၉၈၆ခုနှစ်ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၌အင်္ဂလန်အသင်းကိုလက်နှင့်ပုတ်၍သွင်းခဲ့သောဂိုးနှင့်ကမ္ဘာ့ဖလားဆွတ်ခူးခဲ့ပြီးနောက်အဆိုပါဂိုးမှာ“ဘုရားပေးသောလက်(HandofGod)အဖြစ်ဘောလုံး‌လောက တွင် ကျော်ကြားခဲ့သည်။

မာရာဒိုနာသည်အီတလီကလပ်နာပိုလီနှင့်အတူ ၁၉၈၇ နှင့် ၁၉၉၀ခုနှစ်များတွင်စီးရီးအေ ချန်ပီယံနှင့် ၁၉၉၁ ခုနှစ်မှာ UEFA ချန်ပီယံဆုဖလားတွေရရှိအောင်စွမ်းဆောင်ပေးခဲ့သည်။

သို့သော်လည်း၎င်းသည်အဆိုပါကာလများအတွင်းကိုကင်းအလွန်အကျွံစွဲလမ်းနေခဲ့ပြီးအသင်းမှထွက်ခွာအပြီး၁၉၉၁နောက်ပိုင်းတွင်မူးယစ်ဆေးဝါးသုံးစွဲမှုများကြောင့်ဘောလုံးကစားခွင့် ၁၅ လ အကြာ ပိတ် ပင်ခံခဲ့ရသည်။

ယင်းအပြင်၁၉၉၄ခုနှစ်တွင်ကျင်းပသည့်ကမ္ဘာ့ဖလားပြိုင်ပွဲ၌ဆေးစစ်ချက်ကျရှုံးခဲ့ပြီးနောက်၁၉၉၇ခုနှစ်၌ဘောလုံးလောကမှအပြီးတိုင်အနားယူခဲ့သည်။

၎င်းသည်၁၉၉၉ခုနှစ်နှင့်၂၀၀၀ပြည့်နှစ်များတွင်နှလုံးရောဂါဖြင့်ဆေးရုံတက်ရောက်ခဲ့ရပြီးနှစ်ကြိမ်တိုင်အသက်ရှုကိရိယာအကူအညီရယူခဲ့ရသည်။

မာရာဒိုနာသည်၂၀၀၄ခုနှစ်တွင်လည်းမူးယစ်ဆေးအလွဲသုံးမှုနှင့်ဆက်စပ်သည့်နှလုံးနှင့်အသက်ရှုလမ်းကြောင်းဆိုင်ရာပြင်းထန်ဝေဒနာများအတွက်ပြန်လည်ကုသမှုခံယူခဲ့ရသေးသည်။

သတင်း-နေသွေးဈာန်
ကိုးကား- Daily Mail