ကိုရိုနာဗိုင်းရပ်စ်နဲ့ စစ်ပွဲဆင်နွှဲနေရကြောင်း ဂျိုးဘိုင်ဒန် သတိပေး

ရွေးကောက်ခံအမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒန်က ပြည်သူတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို စည်းလုံးမှုရှိရှိကာကွယ်သွားရမှာဖြစ်ကြောင်း ကျေးဇူးတော်နေ့အထိမ်းအမှတ်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။

နိုင်ငံအတွင်းမှာ ဗိုင်းရပ်စ်ကူးစက်မှုဆက်လက်မြင့်မားနေချိန်မှာ ကျေးဇူးတော်နေ့အားလပ်ရက် ပျော်ပွဲရွှင်ပွဲတွေကိုရှောင်ရှားဖို့ လိုအပ်ကြောင်းလည်း ဂျိုးဘိုင်ဒန်က သတိပေးခဲ့ပါသေးတယ်။

ယမန်နေ့က မိန့်ခွန်းမှာ ဂျိုးဘိုင်ဒန်က “ အမေရိကန်တွေဟာ ဗိုင်းရပ်စ်နဲ့ စစ်ပွဲဆင်နွှဲနေတာပါ။ အချင်းချင်း စစ်ဖြစ်နေကြတာ မဟုတ်ပါဘူး” လို့ ပြောကြားခဲ့တာပါ။ ဒီမိုကရက်တစ်ကိုယ်စားလှယ်ဂျိုးဘိုင်ဒန်ဟာ ယခုလအစောပိုင်းက ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ လက်ရှိသမ္မတဒေါ်နယ်ထရမ့်ကို အနိုင်ရခဲ့ပြီး မကြာခင်မှာ သမ္မတသစ်အဖြစ် စတင်တာဝန်ထမ်းဆောင်တော့မှာဖြစ်ပါတယ်။

ကိုးကား – BBC
သတင်း – ကိုဆွဲ(မုံရွာ
)