COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၁၄၁၁) ဦးထပ်တိုး၍ (၂၆) ဦးထပ်မံသေဆုံး

ယနေ့အတွက် COVID-19 ရောဂါဓာတ်ခွဲနမူနာ (၁၉၆၈၀) ခုအား စစ်ဆေးပြီးခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာ (၁၄၁၁) ဦးထပ်တိုးကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကသတင်းထုတ်ပြန်လိုက်သည်။

ရောဂါပိုးတွေ့လူနာများထဲမှ (၂၆) ဦးထပ်မံသေဆုံးပြီး သေဆုံးသူလူနာစုစုပေါင်း (၁၉၉၈) ဦးရှိနေပြီဖြစ်ကြောင်းထုတ်ပြန်ချက်အရသိရသည်။ယနေ့သေဆုံးသူ (၂၆) ဦးထဲတွင် ရောဂါအခံရှိသူ (၂၂) ဦးပါဝင်ကြောင်းသိရသည်။

လက်ရှိအချိန်အထိမြန်မာနိုင်ငံတွင်COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၉၃၆၀၀)ဦးရှိနေပြီး ရောဂါမှပြန်လည်သက်သာလာသူ (၇၂၆၀၁) ဦးရှိနေပြီဖြစ်သည်။

သတင်း-မိုးသိမ့်နိုင်/စံတော်ချိန်