COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၁၅၂၇)ဦးထပ်တိုး၍ (၂၂) ဦးထပ်မံသေဆုံး

ယနေ့အတွက် COVID-19 ရောဂါဓာတ်ခွဲနမူနာ (၂၃၃၀၀) ခုအား စစ်ဆေးပြီးခဲ့ရာ COVID-19ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၁၅၂၇) ဦးထပ်တိုးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကသတင်းထုတ်ပြန်လိုက်သည်။

ရောဂါပိုးတွေ့လူနာများထဲမှ (၂၂) ဦးထပ်မံသေဆုံးပြီး သေဆုံးသူလူနာ စုစုပေါင်း (၂၀၈၁) ဦးရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့သေဆုံးသူ (၂၂) ဦးထဲတွင်ရောဂါအခံရှိသူ (၂၀) ဦး ပါဝင်ကြောင်း သိရသည်။

လက်ရှိအချိန်အထိမြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း (၉၈၀၄၇) ဦးရှိနေပြီး ရောဂါမှပြန်လည်သက်သာလာသူ (၇၆၃၈၂) ဦးရှိနေပြီဖြစ်သည်။

သတင်း-မိုးသိမ့်နိုင်/စံတော်ချိန်