မြန်မာနှင့် COVID-19 ကိန်းဂဏန်းအခြေပြုချက် (ဒီဇင်ဘာ ၅ ရက်၊ ညနေ ၄ နာရီ မိနစ် ၃၀ အထိအချက်အလက်)

◾ ယမန်နေ့ညတွင်ရောဂါပိုးတွေ့သူ – (၁၅၀၂)ဦး
◾ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း – (၉၆၅၂၀)ဦး
◾ရောဂါပိုးတွေ့အများဆုံးတိုင်း၊ ပြည်နယ် – ရန်ကုန်။
◾ရောဂါပိုးတွေ့အများဆုံး မြို့နယ် – ရွှေပြည်သာ

ယမန်နေ့ ( ဒီဇင်ဘာ ၄ ရက်) ည ၈ နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ​​ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၁၅၀၂)ဦး ထပ်မံတိုးလာခဲ့သည်။

ထုတ်ပြန်ချက်အရ ထပ်မံတိုးလာသည့်လူနာများအနက် ပိုးတွေ့လူနာအများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ပြီး ရွှေပြည်သာမြို့နယ်သည် ပိုးတွေ့လူနာအများဆုံး တွေ့ရှိသည့်မြို့နယ်ဖြစ်သည်။

မြန်မာနိုင်ငံ၌ ယနေ့အချိန်အထိ COVID-19 ရောဂါကူးစက်ခံရသူ (‌ ၉၆၅၂၀ )ဦးရှိနေပြီး သေဆုံးသူစုစုပေါင်း (‌၂၀၅၉)ဦးရှိပြီဖြစ်သည်။

COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက် ဆေးရုံမှဆင်းခွင့်ရရှိသူ (၇၄၉၇၃ )ဦးရှိပြီဖြစ်သည်။

သတင်း – အဉ္ဇလီသင်း /စံတော်ချိန်