မြန်မာနှင့် COVID-19ကိန်းဂဏန်းအခြေပြုချက်

(ဒီဇင်ဘာ ၇ ရက်၊ ညနေ ၅နာရီခွဲအထိအချက်အလက်)

ယမန်နေ့ညတွင်ရောဂါပိုးတွေ့သူ – (၁၁၀၈)ဦး

ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း – (၉၉၁၅၅) ဦး

ရောဂါပိုးတွေ့အများဆုံးတိုင်း၊ပြည်နယ် – ရန်ကုန်။

ရောဂါပိုးတွေ့အများဆုံး မြို့နယ် – မြောက်ဥက္ကလာပမြို့နယ်

ယမန်နေ့ ( ဒီဇင်ဘာ ၆ရက်) ည ၈ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်အရ ​​ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ( ၁၁၀၈) ဦးထပ်မံတိုးလာခဲ့သည်။

ထုတ်ပြန်ချက်အရ ထပ်မံတိုးလာသည့်လူနာများအနက် ပိုးတွေ့လူနာအများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီးမှ ဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ်သည်ပိုးတွေ့လူနာအများဆုံးတွေ့ရှိသည့်မြို့နယ်ဖြစ်သည်။

မြန်မာနိုင်ငံ၌ ယနေ့အချိန်အထိ COVID-19ရောဂါအတည်ပြုလူနာ (‌၉၉၁၅၅) ဦးရှိနေပြီး သေဆုံးသူစုစုပေါင်း (၂၁၁၀)ဦးရှိပြီဖြစ်သည်။COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက်ဆေးရုံမှဆင်းခွင့်ရရှိသူ (၇၇၆၃၆) ဦးရှိပြီဖြစ်သည်။

သတင်း – မိုးသိမ့်နိုင်/စံတော်ချိန်