ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ချဲလ်ဆီး မရနိုင်သေးဘူးလို့ ပေါလ်စခိုးစ် သုံးသပ်

ယမန်နေ့က ဝုဗ်ဗာဟမ်တန်နဲ့ပွဲစဉ်မှာ ချဲလ်ဆီးအသင်း ရှုံးပြီးနောက် နည်းပြ လမ်းပတ်ရဲ့အသင်းဟာ ဒီရာသီပရီးမီးယားလိဂ် ချန်ပီယံဆုကို မရနိုင်သေးဘဲ နောက်တစ်နှစ်လောက် အချိန်ထပ်ယူရဦးမယ်လို့ အင်္ဂလန်ကွင်းလယ်လူဟောင်း ပေါလ်စခိုးစ်က သုံးသပ်ပြောကြားလိုက်ပါတယ်။

ပေါလ်စခိုးစ်က “ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံဖလားကို ချဲလ်ဆီး မရလောက်ပါဘူး။ မန်စီးတီးနဲ့ လီဗာပူးတို့ကို သူတို့ လိုက်မီနိုင်ဖို့ အရမ်း စောလွန်းပါသေးတယ်။ ဒါပေမယ့် တစ်နှစ်လောက်အတွင်း အတွေ့အကြုံကောင်းကောင်းယူနိုင်ခဲ့ရင်တော့ နောက်နှစ်လောက်မှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အဆင့်ရောက်လာနိုင်ပါတယ်” လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြထားပါတယ်။

အင်္ဂါနေ့က ဝုဗ်ဗာဟမ်တန်ကို နှစ်ဂိုး၊ တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့အပြီးမှာ ပေါလ်စခိုးစ်က အခုလိုသုံးသပ်ပြောဆိုလိုက်တာဖြစ်ပါတယ်။ ချဲလ်ဆီးဟာ အစောပိုင်းက ပြိုင်ပွဲအရပ်ရပ် ၁၇ ပွဲဆက်တိုက် ရှုံးပွဲမရှိရပ်တည်နေနိုင်ခဲ့ပေမယ့် အခုအခါမှာတော့ တစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် နှစ်ပွဲဆက် ရှုံးခဲ့ပြီဖြစ်ပါတယ်။

ကိုးကား – Dialymail
သတင်း – မောင်ဇေယျ
ဓာတ်ပုံ – Daily Echoed, Newsdos