(ဒီဇင်ဘာ ၁၉ ရက်၊ ညနေ ၆နာရီအထိအချက်အလက်)
ယမန်နေ့ညတွင်ရောဂါပိုးတွေ့သူ – (၁၁၁၆) ဦး
ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း – ( ၁၁၄၉၈ )ဦး
ရောဂါပိုးတွေ့အများဆုံးတိုင်း၊ပြည်နယ် – ရန်ကုန်။
ရောဂါပိုးတွေ့အများဆုံး မြို့နယ် – မင်္ဂလာဒုံ
ယမန်နေ့ ( ဒီဇင်ဘာ ၁၈ ရက်) ည ၈ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၁၁၁၆ )ဦးထပ်မံတိုးလာခဲ့သည်။
ထုတ်ပြန်ချက်အရ ထပ်မံတိုးလာသည့်လူနာများအနက် ပိုးတွေ့လူနာအများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီးမှ ဖြစ်ပြီး မင်္ဂလာဒုံမြို့နယ်သည်ပိုးတွေ့လူနာအများဆုံး တွေ့ရှိသည့်မြို့နယ်ဖြစ်သည်။
မြန်မာနိုင်ငံ၌ ယနေ့အချိန်အထိ COVID-19ရောဂါအတည်ပြုလူနာ (၁၁၄၁၉၈)ဦးရှိနေပြီး သေဆုံးသူစုစုပေါင်း (၂၃၉၈ )ဦးရှိပြီဖြစ်သည်။
COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက်ဆေးရုံမှဆင်းခွင့်ရရှိသူ (၉၂၉၁၆)ဦးရှိပြီဖြစ်သည်။
သတင်း – အဉ္ဇလီသင်း /စံတော်ချိန်