ရုပ်ရှင်ဇာတ်ကားသစ်အတွက် ကိုယ်အလေးချိန်တင်နေရပေမယ့် လိုတာထက်ပိုဝမှာကို မဲလ်ဂစ်ဘ်ဆင် စိုးရိမ်နေ

ဝါရင့်သရုပ်ဆောင် မင်းသားကြီး မဲလ်ဂစ်ဘ်ဆင် ဟာ “Fatman” လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားသစ်အတွက် ကိုယ်အလေးချိန်တင်နေရပေမယ့် လိုတာထက် ပို ၀ သွားမှာကိုစိုးရိမ်တာကြောင့် ရေခဲမှုန့်နဲ့ ကွတ်ကီးလို သကြားဓာတ်ပါတဲ့ အစားအစာတွေကို မစားတော့ဖို့ ရုပ်ရှင်ဒါရိုက်တာတွေရဲ့ သတိပေးတားမြစ်ခြင်း ခံနေရပါတယ်။

တစ်ချိန်က “Lethal Weapon” လို အက်ရှင်ဇာတ်ကားမှာ သွက်လက်တဲ့ သရုပ်ဟန်တွေကြောင့် ချီးကျူးခံခဲ့ရတဲ့ မဲလ်ဂစ်ဘ်ဆင် ဟာ ဒီတစ်ကြိမ်တော့ ဆန်တာကလော့စ်ဖိုးဖိုးအဖြစ် သရုပ်ဆောင်ရမှာဖြစ်ပါတယ်။

ဒါရိုက်တာ အက်ရှ်ရွှမ်နဲ့ နမ်းစ်တို့က အဝလွန်စေမယ့် အစားအစာတွေ မစားတော့ဖို့ သူ့ကို သတိပေးချိန်မှာ အံ့အားသင့်ရကြောင်း မဲလ်ဂစ်ဘ်ဆင် က ပြောပါတယ်။

“ရေခဲမုန့်နဲ့ ကွတ်ကီးတွေ ထပ်စားရဦးမလားလို့ မေးတော့ သူတို့တွေက ဇာတ်ကားထဲမှာ ‘fatman’လို့ ခေါ်ပေမယ့် အရမ်းအဝလွန်အောင်လုပ်ရမယ်လို့ မရည်ရွယ်ကြောင်း ပြောပါတယ်” လို့ မဲလ်ဂစ်ဘ်ဆင်က The Sun သတင်းစာနဲ့အင်တာဗျူးမှာ ဖွင့်ဟပါတယ်။

ကိုးကား – The Sun
သတင်း – မောင်ဇေယျ