COVID-19 ရောဂါပိုးတွေ့ရာခိုင်နှုန်း ၂ ဒသမ ၅ ရာခိုင်နှုန်းအထိလျော့ကျ၊ အတည်ပြုလူနာ ​( ၅၅၁ )ဦးထပ်မံတွေ့ရှိ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ (ဇန်နဝါရီ ၁၂ ရက်) ည (၈)နာရီထုတ်ပြန်ချက်အရ ဓာတ်ခွဲအတည်ပြု လူနာ (၅၅၁)ဦးထပ်မံတွေ့ရှိကြောင်း သိရသည်။

ယနေ့ ပိုးတွေ့ရှိမှုရာခိုင်နှုန်းသည် ၂ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သောကြောင့် ၁၀ ရက်အတွင်းပိုးတွေ့ရှိမှု အနည်းဆုံးဖြစ်သည်။

ယနေ့ (ဇန်နဝါရီ ၁၂ ရက်)တွင် သေဆုံးသူ (၂၀)ဦးထပ်မံတိုးပြီး အဆိုပါ လူနာများအနက် ရောဂါအခံဖြင့်သေဆုံးသူ ( ၁၅ )ဦးရှိကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း (၁၃၁၇၃၇)ဦးရှိပြီဖြစ်ပြီး ပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းခွင့်ရရှိသူ စုစုပေါင်း (၁၁၆၀၆၁)ဦးရှိပြီဖြစ်သည်။

ထို့အပြင်သေဆုံးသူစုစုပေါင်း(၂၈၇၈)ဦးရှိပြီဖြစ်သည်။

သတင်း – အဉ္ဇလီသင်း