COVID-19 ကြောင့် ဆူးလေရှန်ဂရီလာဟိုတယ်ကို ဖေဖော်ဝါရီလမှစ၍ ယာယီပိတ်မည်

ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်ကို COVID-19 ကပ်ရောဂါကြောင့် ဖေဖော်ဝါရီလ ၁ ရက်မှစတင်ကာ ယာယီပိတ်သွားမည်ဖြစ်ကြောင်း ရှန်ဂရီလာဟိုတယ်က ယနေ့ (ဇန်နဝါရီလ ၁၃ရက်) တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ကပ်ရောဂါကာလအတွင်း စီးပွားရေး ထိခိုက်မှုများဖြစ်ပေါ်ခဲ့သောကြောင့် ဟိုတယ်ကို ယာယီပိတ်ရန် ဆုံးဖြတ်ခဲ့ရပြီး စီးပွားရေးအခြေအနေ ပြန်လည်တိုးတက်လာမည့်အချိန်ဟု မျှော်လင့်ရသော ကိုးလအတွင်း ဟိုတယ်ကို ပြန်လည်ဖွင့်လှစ်ရန် ရည်ရွယ်ထားကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အပြင် ကပ်ရောဂါကာလအတွင်း ကုန်ကျစရိတ်များအတွက် စီမံခန့်ခွဲမှုများ ပြုလုပ်ခဲ့ရကာ ပြီးခဲ့သည့် ဒီဇင်ဘာတွင် အလုပ်သမားများအား ဆက်လက်ထားရှိနိုင်ရေးကို ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

သို့သော် ဟိုတယ်၏ ဧည့်သည်များကို ဆက်သွယ်၍ ဖျက်သိမ်းမှုများအတွက် ပြန်လျော်ပေးမှာဖြစ်ပြီး ဟိုတယ်တွင်း ထိန်းသိမ်းမှုများ ပြုလုပ်မည့် အဖွဲ့မှလွဲ၍ ဟိုတယ်ဝန်ထမ်းအများစုသည် ရုံးတက်ရန် မလိုဘဲ ခွင့်မဲ့ပျက်ရက်ရရှိမည်ဖြစ်ကာ ၎င်းတို့သည် လစာတစ်စိတ်တစ်ပိုင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကိုမူ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ဟိုတယ်ကို ပိတ်ခဲ့ရသော်လည်း Sule Square Mall နှင့် Shangri-La Residences တို့ကို ဆက်ဖွင့်ထားမှာဖြစ်ပြီး ဟိုတယ်ကိုလည်း ကိုးလအတွင်း ပြန်ဖွင့်ရန် စီစဉ်မည်ဖြစ်ကြောင်း သိရသည်။

သတင်း – စွမ်းရည်တိုး
ဓာတ်ပုံ – Sule Shangri-La(FB)