COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၅၂၃) ဦးထပ်တိုး၍ (၂၄)ဦးထပ်မံသေဆုံး

ယနေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲနမူနာ (၁၇၈၂၇) အားစစ်ဆေးပြီးခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာ (၅၂၃) ဦးထပ်တိုးကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၈ ရက်အထိ နေ့စဉ် COVID-19 ရောဂါပိုးတွေ့လူနာ (၁၀၀၀)ကျော်ရှိနေခဲ့ပြီး ဒီဇင်ဘာ ၁၈ ရက်နောက်ပိုင်းတွင် ပိုးတွေ့လူနာ တစ်ထောင်အောက် ဆက်တိုက်လျော့ကျလာခဲ့သည်။

ယနေ့တွင် ပိုးတွေ့ရှိမှုရာခိုင်နှုန်း ၂ ဒသမ ၉ ရာခိုင်နှုန်းအထိရှိပြီး ရောဂါပိုးတွေ့လူနာများထဲမှ (၂၄) ဦးထပ်မံသေဆုံးကာ သေဆုံးသူလူနာ စုစုပေါင်း (၂၉၀၂) ဦးရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ သေဆုံးသူ (၂၄) ဦးတွင် ရောဂါအခံရှိသူ (၂၁) ဦးပါဝင်ကြောင်း သိရသည်။

ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ယခုထက်ပိုမိုတိကျစွာလိုက်နာဆောင်ရွက်ကြမှသာ ရောဂါဖြစ်ပွားနှုန်းကျဆင်းလာမည်ဖြစ်ကြောင်း သတိပေးထားသည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၃၂၂၆၀) ဦးရှိနေပြီး ရောဂါမှပြန်လည်သက်သာလာသူ (၁၁၅၆၂၁) ဦးရှိနေပြီဖြစ်သည်။

သတင်း – မိုးသိမ့်နိုင်