ဒေးဗစ်အလာဘာကို မခေါ်ဖို့ လီဗာပူးအသင်းဆုံးဖြတ်

လီဗာပူးအသင်းတာဝန်ရှိသူတွေအနေနဲ့ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းရဲ့ နောက်ခံလူ ဒေးဗစ်အလာဘာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့ ဆွေးနွေးခဲ့ပေမယ့် လက်ရှိအချိန်မှာ အပြောင်းအရွှေ့မဖြစ်မြောက်တော့ကြောင်း ဗြိတိန်သတင်းတစ်ရပ်က ဆိုပါတယ်။

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ဩစတြီးယားနောက်ခံလူ အလာဘာ ဟာ လာမယ့်နွေရာသီမှာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။

ဒါကြောင့် အလာဘာအနေနဲ့ ပြည်ပအသင်းကြီးတချို့ဆီကို အလွတ်ပြောင်းရွှေ့ဖို့ ဆွေးနွေးညှိနှိုင်းနေပြီး အဲဒီ အသင်းတွေထဲမှာ လီဗာပူးအသင်းလည်း အပါအဝင်ဖြစ်ခဲ့တာပါ။ လီဗာပူးအသင်းအနေနဲ့လည်း ဒဏ်ရာပြဿနာ များပြားနေတဲ့ ခံစစ်ပိုင်းကို အားဖြည့်ဖို့အတွက် အလာဘာကို ခေါ်ယူဖို့စီစဉ်နေကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့ ယမန်နေ့က အင်ဒီပန့်ဒန့်သတင်းစာရဲ့ဖော်ပြချက်မှာတော့ အလာဘာရဲ့ကစားပုံနဲ့ ကြံ့ခိုင်မှုအပေါ် အားရကျေနပ်မှုမရှိတာကြောင့် လီဗာပူးတာဝန်ရှိသူတွေက လက်ရှောင်ခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

ကိုးကား – Metro
သတင်း – ကိုဆွဲ(မုံရွာ)