အောင်လအန်ဆန်းနှင့် ဘစ်ဒက်ရှ်တို့ တတိယအကြိမ်ထိုးသတ်မည်

မြန်မာ့စပါးအုံးမြွေ(Burmese Python) ဟုနာမည်ကြီးသည့် MMA လောကမှ သိုင်းပေါင်းစုံကစားသမား အောင်လအန်ဆန်းနှင့် ရုရှားနိုင်ငံသား ပြိုင်ဘက်ဟောင်း ဗစ်တာလီဘစ်ဒက်ရှ်တို့သည် One Championship မစ်ဒယ်ဝိတ်တန်းပွဲစဉ်အဖြစ် လာမည့် ဧပြီ ၂၁ ရက်တွင် ရင်ဆိုင်ထိုးသတ်မည်ဖြစ်ကြောင်း One Championship ကထုတ်ပြန်သည်။

၎င်းတို့နှစ်ဦးတွေ့ဆုံမှုသည် ယခုယှဉ်ပြိုင်မှုသည် ၃ ကြိမ်မြောက်တွေ့ဆုံမှုဖြစ်ပြီး ပထမအကြိမ်ထိုးသတ်ပွဲတွင် အောင်လအန်ဆန်းကရှုံးနိမ့်ခဲ့ပြီး ဒုတိယအကြိမ်တွေ့ဆုံမှုတွင် အောင်လအန်ဆန်းက ပြန်လည်အနိုင်ရရှိခဲ့သည်။ ယခုတတိယအကြိမ် ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်နှင့်ပတ်သက်၍ မည်သည့်နိုင်ငံတွင် ကျင်းပမည်ဆိုသည်ကို မရွေးချယ်ရသေးကြောင်း သိရသည်။

ယခုပွဲ၌အနိုင်ရရှိသူမှာ လက်ရှိမစ်ဒယ်ဝိတ်တန်းချန်ပီယံ နယ်သာလန်နိုင်ငံသား ရေနီယာဒီရစ်ဒါကို စိန်ခေါ်ထိုးသတ်ခွင့်ရရှိမည်ဖြစ်သောကြောင့် မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ် ပြန်လည်ရယူနိုင်ရေးပြန်ဆင်နေသည့် အောင်လအန်ဆန်းအတွက် အရေးပါလျက်ရှိသည်။

အောင်လအန်ဆန်းသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွင်းက နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့်ထိုးသတ်ခဲ့ပြီး ပထမအချီမပြီးဆုံးခင်၌ပင် အရေးနိမ့်ခဲ့သည့်အတွက် မစ်ဒယ်ဝိတ်တန်းချန်ပီယံဘွဲ့ကို ဆုံးရှုံးခဲ့သည်။

သတင်း – စွမ်းရည်တိုး
ဓာတ်ပုံ – One Championship