နောင်ချိုမြို့မဈေး မီးလောင်မှု ဆိုင်ခန်းငါးခန်း မီးလောင်ဆုံးရှုံး

ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့ ဈေးရပ်ကွက်ရှိ နောင်ချိုမြို့မဈေးတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆိုင်ခန်းငါးခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့ ဈေးရပ်ကွက်နောင်ချိုမြို့မဈေးတွင် ဇွန် ၈ ရက် နံနက် ၁ နာရီ မိနစ် ၂၀ ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။ သတင်းအရ မီးလောင်မှုဖြစ်ပွားရာသို့ နောင်ချိုမြို့နယ် မီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ဇော်အောင်ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ (၁+၁၆)ဦးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၃၂ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၂ နာရီ မိနစ် ၄၀ တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

“မြို့မဈေး တောင်ဘက်ခြမ်းက ကုန်စုံဆိုင်မီးလောင်တာပေါ့။ ဆိုင်ခန်းက အတွဲလိုက်ဆိုတော့ ငါးခန်းစလုံး လောင်သွားတယ်။ ဆိုင်ခန်းပိုင်ရှင်ကတစ်ဦးတည်းပါပဲ။ မီးလောင်မှုအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲပါ” ဟု ကျောက်မဲခရိုင် မီးသတ်
ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ နောင်ချိုမြို့မရဲစခန်းက (ပ) ၈၄/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ- ၄၃၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

သတင်း – နိုင်ဝင်းစိုး
ဓာတ်ပုံ – CJ