စမ်းချောင်းမြို့နယ်၊ ခေတ်ဆန်သူလက်ဖက်ရည်ဆိုင်၌ ပေါက်ကွဲမှုဖြစ်ပြီး နှစ်ဦးဒဏ်ရာရ

စမ်းချောင်းမြို့နယ်၊ သံတံတားလမ်းရှိ ခေတ်ဆန်သူလက်ဖက်ရည်ဆိုင်၌ ယနေ့ (ဇွန် ၉ ရက်) မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

“သံတံတားလမ်းထိပ်က ခေတ်ဆန်သူလက်ဖက်ရည်ဆိုင်မှာ ဗုံးပေါက်တာ အသံအကျယ်ကြီးဟိန်းသွားတယ်။ ခေတ်ဆန်သူ လက်ဖက်ရည်ဆိုင်မှာ ယမ်းနံ့တွေ မွှန်နေတာပဲ။ ဒဏ်ရာရသူ နှစ်ဦးရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့များရောက်ရှိလာပြီး ဗဟိုလမ်းကိုပိတ်ထားကာ မွန်းလွဲ ၁ နာရီမှစ၍ မော်တော်ယာဉ်များအားဖြတ်သန်းသွားလာခွင့် မပြုတော့ကြောင်း သိရသည်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ – CJ