မိုးညှင်းမြို့နယ် မြို့သစ်ကလေး အထက်တန်းကျောင်းမီးလောင်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်ဒေသမြို့သစ် ကလေးကျေးရွာရှိ မြို့သစ်ကလေး အထက်တန်းကျောင်း ကျောင်းဆောင် နှစ်ဆောင် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ဇွန် ၈ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် မြို့သစ်ကလေးအထက်တန်းကျောင်းဝင်းအတွင်းရှိ အလျား ပေ ၈၀၊ အနံ ၂၄ ပေရှိ သွပ်မိုး၊ ပျဉ်ခင်းပျဉ်ကာ မူလတန်းစာသင်ကျောင်းဆောင်(အဟောင်း)မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ဟိုပင်နယ်မြေမီးသတ်စခန်းမှ တပ်ခွဲမှူး ဦးသိန်းကျော်နှင့်တပ်ဖွဲ့ဝင် ၁၅ ဦးတို့သည် မီးသတ်ယာဉ်သုံးစီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြသည်။

ည ၁၁ နာရီ မိနစ် ၂၀ ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လူနှင့် တိရစ္ဆာန်တို့ ထိခိုက်ဆုံးရှုံးမှုမရှိခဲ့ကြောင်း သိရှိရသည်။

သတင်း – သစ္စာ(မိုးညှင်း)