တပ်မတော်လေယာဉ် ပြင်ဦးလွင် အနီးစခန်းလေဆိပ်သို့ ဆင်းသက်စဉ် ပျက်ကျပြီး အနည်းဆုံး ၁၂ ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်းလေဆိပ်အနီးတွင် ယနေ့ (ဇွန် ၁၀ ရက် )နံနက်ပိုင်းက တပ်မတော်လေယာဉ်တစ်စီး ရာသီဥတုဆိုးရွားမှုကြောင့် ဆက်သွယ်မှု ပြတ်တောက် ပျက်ကျခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်သည်။

လေယာဉ်ပျက်ကျမှုကြောင့် ဈေးကုန်းဆရာတော်အပါအဝင် ၁၂ ဦး သေဆုံးခဲ့ကြောင်း သတင်းများအရ သိရသည်။

တပ်မတော်လေယာဉ်သည် ယနေ့နံနက် ၇ နာရီခန့်တွင် နေပြည်တော်လေဆိပ်မှ အနီးစခန်းလေဆိပ်(ပြင်ဦးလွင်)သို့ ထွက်ခွာလာရာ ယနေ့ နံနက် ၈ နာရီခန့်တွင် လေဆိပ်အနီး ပျက်ကျခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာအုပ်စု ကျောက်ဖျာဒိုးကျေးရွာတွင် ဆောက်လုပ်မည့် မဟာဝိသုတာရာမဈေးကုန်း ပရိယတ္တိစာသင်တိုက် ပန္ဒက်တင် အခမ်းအနားပြုလုပ်ရန်အတွက် ဈေးကုန်းဆရာတော် ၊ သံဃာ၊ စစ်တပ်အရာရှိတချို့၊ အလှူရှင် ၈ ဦး စစ်တပ်လေယာဉ်တွင် လိုက်ပါလာကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မ‌တော်ဘက်က သတင်းထုတ်ပြန်သည်။

သတင်း – စံတော်ချိန် ဒစ်ဂျစ်တယ်
ဓာတ်ပုံ – CJ