မွန်ပြည်နယ်တွင် ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာတစ်ဦး သေဆုံး

မွန်ပြည်နယ်၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်ဓာတ်ခွဲအတည်ပြု လူနာတစ်ဦး ယနေ့ (ဇွန် ၁၀ ရက်) နံနက်ပိုင်းက သေဆုံးခဲ့ကြောင်း မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“မွန်ပြည်နယ် ကိုဗစ်လူနာဆောင်မှာ လူနာတစ်ဦးသေဆုံးမှုရှိပါတယ်။ သေဆုံးမှုအတိအကျကို စစ်ဆေးနေပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ လူနာသည် မွန်ပြည်နယ်တွင် ဖေဖော်ဝါရီနောက်ပိုင်း ကိုဗစ်ရောဂါဖြင့်သေဆုံးသည့် ပထမဆုံးလူနာဖြစ်သည်။

ယမန်နေ့ညပိုင်းကလည်း စစ်ကိုင်းတိုင်းမှ သုံးဦး အပါအဝင် ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာ ငါးဦး ထပ်မံသေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည်။

ယမန်‌နေ့ ည ၈ နာရီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၁၄၄၇၁၅)ဦးနှင့် သေဆုံးသူ(၃၂၃၃) ဦး ရှိပြီဖြစ်သည်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်