ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်

ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသည့် အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေနှင့် အနောက်ဘင်္ဂလားကမ်းခြေတို့အနီးတွင် ယနေ့ နံနက်ပိုင်းက လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။