ပုသိမ်မြို့ ဟွာပိုတိုင်းမ် စက်ရုံဝင်းအတွင်း ဗုံးပေါက်

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့ရှိ ဟွာပိုတိုင်းမ် စက်ရုံဝင်းအတွင်း၌ ယနေ့ (ဇွန် ၁၁ ရက်)နံနက် ၈ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

အဆိုပါ စက်ရုံသည် ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်၊ ကင်မလင်းကျွန်း စက်မှုဇုံဘက်တွင်ရှိသည့် တရုတ်ပိုင် စက်ရုံတစ်ရုံဖြစ်ပြီး ယင်းစက်ရုံ၏ အုတ်နံရံအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး စက်ရုံဝန်ထမ်းများအားစစ်ဆေးမှုများပြုလုပ်လျက်ရှိ‌ကြောင်း ဒေသခံများကဆိုသည်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ – CJ