မန္တလေးမြို့ ကညနရုံးအနီး ဗုံးထပ်မံပေါက်ကွဲ

မန္တလေးတိုင်းဒေသကြီး ၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်းပေါ်ရှိ ကညန (မန္တလေးတိုင်းရုံး) ရှေ့၌ ယနေ့ (ဇွန် ၁၁ ရက်)နံနက် ၁၁ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် လူတစ်ဦး ခြေထောက် ထိခိုက်ခဲ့ပြီး ဆိုင်ကယ်တချို့လည်း ပျက်စီးခဲ့ကြောင်း ဒေသခံများကဆိုသည်။

အဆိုပါ ကညနရုံးရှေ့၌ ပြီးခဲ့သည့် မေ ၁၀ ရက်ကလည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သက်တမ်းတိုးဝန်ဆောင်မှုပေးသည့် အကျိုးဆောင် အမျိုးသား သုံးဦးနှင့်အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ – CJ