အီသီယိုးပီးယားနိုင်ငံ တိုက်ဂရေးဒေသတွင် အငတ်ဘေးအခြေအနေ ဆိုးရွားသထက် ဆိုးရွားလာနေ၍ ကုလသမဂ္ဂ စိုးရိမ်

အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အငတ်ဘေးအခြေအနေဟာ တစ်စထက်တစ်စ ပိုပြီး ဆိုးရွားလာနေလို့ ဖြေရှင်းမှုတွေ အလျင်အမြန် ဆောင်ရွက်ဖို့ လိုအပ်လာခဲ့ပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ မာ့ခ်လိုးကော့ခ် က ပြောကြားသွားခဲ့ပါတယ်။

စစ်ဒဏ်သင့်နေရာတစ်ခုဖြစ်တဲ့ တိုက်ဂရေးဒေသ အပါအဝင် သူနဲ့ အနီးဝန်းကျင်ဒေသမှာရှိတဲ့ အမ်ဟာရာနဲ့ အေဖာတို့မှာ အငတ်ဘေး အကျပ်အတည်းက ဆိုးရွားသထက် ဆိုးရွားနေပြီး လူပေါင်း သုံးသိန်းခွဲလောက်ဟာ အလွန်ဆိုးရွားတဲ့ အခြေအနေတွေကြားထဲ ကျရောက်နေပြီလို့ သိရပါတယ်။

အစိုးရတပ်နဲ့ သူပုန်တပ်တွေအကြားမှာ ထိတွေ့တိုက်ပွဲတွေ ဆိုးဆိုးရွားရွားဖြစ်လာတဲ့အတွက် တိုက်ဂရေးဒေသတစ်ခုလုံးနီးပါးဟာ အပျက်အစီးတွေနဲ့ ပြည့်နှက်လာခဲ့ပြီဖြစ်ပြီး လူဦးရေ ၁ ဒသမ ၇ သန်းလောက်အထိ အိုးမဲ့ အိမ့်မဲ့ ဖြစ်နေကြရပြီဖြစ်ပါတယ်။

တိုက်ဂရေးဒသေရဲ့ စားနပ်ရိက္ခာပြတ်တောက်မှုဟာ ကြီးမားလှတဲ့ ဘေးအန္တရာယ်ကြီးသဖွယ် ဖြစ်ပွားလာခဲ့ပြီဖြစ်ပြီး လက်ရှိမှာ အငတ်ဘေးကြောင့် လူသေဆုံးရနှုန်းဟာလည်း မြင့်တက်လာခဲ့ပြီလို့ ကုလသမဂ္ဂ အစီရင်ခံ စာတွေအရ သိရှိရပါတယ်။

သတင်း – စံတော်ချိန် ဒစ်ဂျစ်တယ်
ကိုးကား – BBC