ကိုပါအမေရိကပြိုင်ပွဲကို သတ်မှတ်ထားသည့်အတိုင်း ကျင်းပရန် ဘရာဇီးတရားလွှတ်တော် ဆုံးဖြတ်

ဘရာဇီးတရားလွှတ်တော်ဟာ ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ရှိနေတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲကို မူလသတ်မှတ်ထားတဲ့ ဇွန်လ ၁၃ ရက်နေ့မှာ စတင်ကျင်းပနိုင်တယ်လို့ ခွင့်ပြုပေးလိုက်ပြီဖြစ်ပါတယ်။

နိုင်ငံတွင်း လူမှုအဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုတွေဘက်က ကိုဗစ်ကူးစက်မှုအခြေအနေ စိုးရိမ်စရာကောင်းလောက်အောင် ပြန်လည်မြင့်တက်လာတဲ့အတွက် ကိုပါအမေရိကဖလားပြိုင်ပွဲကို အချိန်နောက်ဆုတ်ကျင်းပပေးဖို့ တရားလွှတ်တော်ဆီ ပန်ကြားစာပေးပို့ခဲ့ပေမယ့် အဆုံးသတ်အဖြေက အခုလို ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။

ဂျူရီတရားသူကြီး ၁၁ ဦးဟာ မဲခွဲဆုံးဖြတ်တဲ့စနစ်နဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲကို မူလသတ်မှတ်ထားတဲ့အတိုင်း ကျင်းပသင့်၊ မသင့် အဆုံးအဖြတ် ပေးလိုက်တာဖြစ်ပြီး ကျင်းပသင့်တယ်ဆိုတဲ့ဘက်က မဲအသာစီး ရရှိသွားခဲ့ကြောင်း သိရှိရပါတယ်။

ဘရာဇီးအစိုးရအာဏာပိုင်တွေဟာ ကိုဗစ်နဲ့ပတ်သက်လို့ စိတ်ချရလောက်စရာ လုံခြုံရေးအစီအမံတွေကို ဆောင်ရွက်ထားနိုင်ပြီဖြစ်လို့ ပြိုင်ပွဲကို အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်မယ်လို့ အခိုင်အမာ ယုံကြည်ကြောင်းလည်း တရားသူကြီးတွေက ပြောကြားသွားခဲ့ပါတယ်။

သတင်း – စံတော်ချိန် ဒစ်ဂျစ်တယ်
ကိုးကား – The Bangkok Post