John Wick 4 တွင် ဘိုဝါရီကင်းအဖြစ် လောရင့်စ်ဖစ်ခ်ျဘန်းကို ပြန်လည်မြင်တွေ့ရမည်

ဝါရင့်သရုပ်ဆောင်မင်းသားကြီး လောရင့်စ်ဖစ်ခ်ျဘန်း က ပရိသတ်တွေ မျှော်လင့်စောင့်စားနေတဲ့ John Wick 4 ရုပ်ရှင်ဇာတ်ကားမှာ သူ့အနေနဲ့ ဘိုဝါရီကင်း ဇာတ်ကောင်အဖြစ် ပြန်လည်ပါဝင်လာမယ်လို့ အတည်ပြုသွားခဲ့ပြီ ဖြစ်ပါတယ်။

John Wick 4 ရုပ်ရှင်ကားကို ကိုဗစ်ကပ်ဘေးကြောင့် ရုံတင်ရက်ရွှေ့ဆိုင်းခဲ့ရဖူးပြီး လက်ရှိမှာတော့ ၂၀၂၂ ခုနှစ် မေလမှာ ရုံတင်ဖို့ သတ်မှတ်ရက် ရရှိထားပြီလည်းဖြစ်ပါတယ်။

ဒွန်နီယန်နဲ့ ရီနာဆာဝါယာမာတို့လို အာရှတိုက်သား သရုပ်ဆောင်တွေလည်း ပါဝင်လာမှာဖြစ်လို့ John Wick 4 ကို အာရှနိုင်ငံတွေကလည်း စိတ်ဝင်တစားရှိနေပါတယ်။

John Wick နေရာကနေ သရုပ်ဆောင်ထားတဲ့ ကီနူးရိဗ်ကတော့ အခုထွက်ရှိလာမယ့် စတုတ္ထမြောက် ဇာတ်ကားရဲ့ ဇာတ်အိမ်ကို ရှေ့ကဇာတ်ကားတွေထက် ပိုပြီး အားရမိတယ်လို့ ပြောထားပါတယ်။

John Wick ဟာ စတုတ္ထမြောက်ဇာတ်ကားပြီးရင် ပဉ္စမမြောက်ဇာတ်ကား ဆက်လက်ထွက်လာဖို့ ရှိနေပြီး John Wick 5 အတွက် ရိုက်ကူးရေးအစီအစဉ်တွေကို စတင်နေပြီဖြစ်ကြောင်းလည်း ကီနူးရိဗ် က အတည်ပြုထားပြီဖြစ်ပါတယ်။

သတင်း – စံတော်ချိန် ဒစ်ဂျစ်တယ်
ကိုးကား – The Colider