မတ္တရာမြို့နယ်၌ ဆီဆိုင်ပိုင်ရှင်တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ကံဖြူကျေးရွာအရှေ့၊ တံတားဖြူအနီးတွင် ယမန်နေ့ (ဇွန် ၁၀ ရက်) နံနက်ပိုင်းက ဆီဆိုင်ပိုင်ရှင်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

ဆီအရောင်းဆိုင်ရှင် ဦးခင်ဝင်းဆိုသူ၏ဆီဆိုင်သို့ အမည်မသိအမျိုးသားနှစ်ဦးရောက်ရှိလာပြီး ဆိုင်ရှင်မှဆိုင်ကယ်အားဆီဖြည့်နေစဉ် သေနတ်ဖြင့်ဦးခေါင်းအား အနီးကပ်တေ့ပစ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းဖော်ပြမှုများအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက မတ္တရာမြို့အတွင်း၌ လမ်းများပိတ်ဆို့ကာ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ – CJ