Space Jam 3 ဇာတ်ကားတွင် ဒဝိန်းဂျွန်ဆင်ကို ထည့်သွင်းရိုက်ကူးနိုင်ရန် ဒါရိုက်တာ မယ်လ်ကွမ်လီ အလိုရှိ

Space Jam 3 ရုပ်ရှင်ဇာတ်ကားကို တာဝန်ယူရိုက်ကူးသွားမယ့် ဒါရိုက်တာ မယ်လ်ကွမ်လီဟာ The Rock လို့ လူသိများတဲ့ သရုပ်ဆောင်မင်းသား ဒဝိန်းဂျွန်ဆင်ကို ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ပေးဖို့အတွက် ဆက်သွယ် ဆွေးနွေးနေတယ်လို့ သိရှိရပါတယ်။

ဒါရိုက်တာ မယ်လ်ကွမ်လီဟာ Space Jam 2 ဇာတ်ကားကို အောင်မြင်စွာ ရိုက်ကူးတင်ဆက်နိုင်ခဲ့သူဖြစ်ပြီး သူ့အနေနဲ့ Space Jam 3 ဇာတ်ကားမှာ ဒဝိန်းဂျွန်ဆင်ကို ခေါင်းဆောင်သရုပ်ဆောင်နေရာကထားရှိပြီး ဇာတ်အိမ်တည်ဖို့ ဆန္ဒရှိနေကြောင်း ဒါရိုက်တာ မယ်လ်ကွမ်လီ က ပြောကြားသွားခဲ့ပါတယ်။

Space Jam ရဲ့ပထမဆုံးဇာတ်ကားဟာ လွန်ခဲ့တဲ့ ၂၅ နှစ်ကတည်းက ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တာဖြစ်ပြီး နောက်ဆက်တွဲဇာတ်ကားတွေမှာတော့ ဝင်ငွေအရရော ဇာတ်လမ်းအရပါ ပိုပြီးအောင်မြင်တိုးတက်လာခဲ့ပါတယ်။

ဒါရိုက်တာ မယ်လ်ကွမ်လီဟာ နာမည်ကြီး အားကစားကြယ်ပွင့်တစ်ချို့ကိုလည်း Space Jam 3 မှာ ထည့်သွင်းနိုင်ဖို့ စီစဉ်နေပြီး ဒဝိန်းဂျွန်ဆင်ကတော့ လက်ရှိအချိန်အထိ Space Jam 3 မှာ ပါဝင်မယ်၊ မပါဝင်ဘူးဆိုတာကို အကြောင်းမပြန်သေးကြောင်း သိရှိရပါတယ်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
ကိုးကား – The Collider