၂၀၂၂ ခုနှစ် ဂရမ်မီဆုကြီး လေးဆုအတွက် ဆန်ခါတင်စာရင်းဝင်နေတဲ့ အိုလီဗီယာ ရိုဒရီဂို

အမေရိကန်ရဲ့အသက် (၁၈)နှစ်အရွယ် အဆိုတော်မလေး အိုလီဗီယာ ကတော့ လာမယ့် ၂၀၂၂ ခုနှစ် ဂရမ်မီပွဲရဲ့ ဆုကြီးတွေအတွက် ဆန်ခါတင်စာရင်းထဲမှာ ရှိလို့နေခဲ့ပါတယ်။

Best Album ၊ Best new artist ၊ record of the year နဲ့ song of the year ဆုတွေမှာ အိုလီဗီယာ ရဲ့ Drivers License သီချင်းက ဆန်ခါတင်အဆင့် ဝင်ထားပြီး သူ့အနေနဲ့ အနည်းဆုံး (၂)ဆုလောက်တော့ ရသွားနိုင်တယ်လို့ သတင်းတွေက ရေးသားနေကြပါတယ်။

အိုလီဗီယာ ဟာ Best new artist ဆုအတွက်တော့ အခြားနာမည်ကျော်တွေဖြစ်ကြတဲ့ ဘီလီ အိုင်းလစ်ရှ် ၊ Lil Nas X(လေးနာ့စ်အိက်စ်) တို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

၁၉၇၂ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ ဆွီဒင်ပေါ့ပ်အဖွဲ့ ABBA ကလည်း သူတို့ရဲ့ ပထမဆုံး အကြိမ်အဖြစ် record of the year ဆုရဲ့ ဆန်ခါတင်စာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။

အိုလီဗီယာနဲ့အတူ ဒီနှစ်ဂရမ်မီဆုကြီးတွေအတွက် ရေပန်းစားသူတွေကတော့ အမေရိကန်ရက်ပ်ပါမလေး Doja Cat ၊ ဂရမ်မီ(၇)ဆုအထိ ဆွတ်ခူးထားခဲ့တဲ့ ဘီလီအိုင်းလစ်ရှ်နဲ့ ဂျက်စတင်ဘီဘာတို့ပဲဖြစ်ပါတယ်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
Ref:BBC