Music

From festivals in Florida to touring Dracula’s digs in Romania, we round up the best destinations to visit this October. As summer abandons Europe again this October, eke out the last of the rays and raves in Ibiza, where nightclubs will be going out with a bang for the winter break. When the party finally stops head to the island’s north.

နိုးကြားတက်ကြွ ၂၀၂၀ မှာ မဲပေးကြ” အမည်ရှိ ဂီတဖန်တီးမှုပြိုင်ပွဲ ကျင်းပမည်

"နိုးကြားတက်ကြွ ၂၀၂၀ မှာ မဲပေးကြ" အမည်ရှိ ဂီတဖန်တီးမှုပြိုင်ပွဲကို International Foundation for Electoral Systems (IFES)မှဦးစီးပြီး ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဂီတဖန်တီးမှုပြိုင်ပွဲသည်၂၀၂၀ ပြည့်နှစ် ၊နိုဝင်ဘာ ( ၈ )ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးတွင် ပထမဦးဆုံးအကြိမ် မဲပေးရမည့် မဲဆန္ဒရှင်များအား ပူးပေါင်းပါဝင်ကြရန်...

ဗြိတိန်အယ်လ်ဘမ်စာရင်းမှာ ရိုးလင်းစတုန်းစ်အဖွဲ့ စံချိန်တစ်ခုတင်နိုင်ခဲ့

၁၉၇၃ ခုနှစ်က “Goats Head Soup” တေးအယ်လ်ဘမ်ကို ပုံစံပြောင်းပြီး ပြန်လည်တီးခတ်တီဆိုထားတဲ့ ရိုးလင်းစတုန်းစ်ရဲ့ အယ်လ်ဘမ်အသစ်ဟာ သောကြာနေ့က ဗြိတိန်အယ်လ်ဘမ်ဇယားရဲ့ထိပ်ဆုံးကို ရောက်ရှိခဲ့တာကြောင့် ဂီတသမိုင်းတလျှောက် စံချိန်သစ်တစ်ရပ်ကို တင်နိုင်ခဲ့တယ်လို့ Sky News သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ထွက်ရှိခဲ့သမျှ ရိုးလင်းစတုန်းစ်ရဲ့တေးအယ်လ်ဘမ်တွေထဲ ဗြိတိန်အယ်လ်ဘမ်စာရင်းမှာ နံပါတ် ၁ နေရာကို...

တစ်ပတ်ကို ဒေါ်လာ ၂ သန်းတန် အငှားဇိမ်ခံရွက်လှေကြီးနဲ့ ပျော်မြူးနေတဲ့ ဘီယွန်းဆေးတို့ဇနီးမောင်နှံ

အမေရိကန်အနုပညာနဲ့ ဆယ်လီလောကမှာ အရှိန်အဝါအကြီးဆုံးစုံတွဲဖြစ်တဲ့ အဆိုတော်ဂျေးဇီနဲ့ ဘီယွန်းဆေးတို့ ဇနီးမောင်နှံကတော့ လက်ရှိအချိန်မှာ အငှားဇိမ်ခံရွက်လှေတစ်စင်းနဲ့ အပန်းဖြေ ခရီးထွက်နေပါတယ်။ အငှားဇိမ်ခံရွက်လှေဆိုပေမယ့် သာမန်အပန်းဖြေရွက်လှေမျိုးတော့မဟုတ်ပါဘူး။ The Sun သတင်းစာရဲ့ အဆိုအရ ဂျေးဇီတို့ ငှားရမ်းလာတဲ့ အထူးရွက်လှေကြီးဟာ တစ်ပတ်ငှားခဒေါ်လာ ၂ သန်းပေးရပြီး တကယ့် သန်းကြွယ်သူဌေးတွေရဲ့ အဆောင်အယောင် အပြည့်အစုံပါဝင်တယ်လို့...

အပြင်းစားရော့ခ်ဂီတအဆိုတော် ရီလေးဂေးလ် အသက် ၃၄ နှစ်အရွယ်တွင် ကွယ်လွန်

အပြင်းစားရော့ခ်ဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Power Trip မှ ဦးဆောင်အဆိုတော် ရီလေးဂေးလ်ဟာ အင်္ဂါနေ့က အသက် ၃၄ နှစ် အရွယ်မှာတင် ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။ တက္ကဆက်ပြည်နယ်ဇာတိဖွား ရော့ခ်ဂီတအဆိုတော် ဂေးလ်ရဲ့မိသားစုက သူ့နာရေးသတင်းကို အင်္ဂါနေ့က တွစ်တာကနေ အတည်ပြု ကြေငြာခဲ့တာဖြစ်ပါတယ်။ Power Trip...
video

အဆိုတော် ဗဒင်ရဲ့သားဖြစ်သူ သော်ဖိလုဒင်နှင့်တွေ့ဆုံခြင်း

"အပါးသီချင်းတွေပြန်ဆိုဖို့တော့ရှိပါတယ်။အပါးသီချင်းတိုင်းနဲ့မလိုက်တော့ လိုက်တဲ့သီချင်းလောက်ပဲဆိုဖြစ်မှာပါ" အဆိုတော်ဗဒင်ရဲ့သားဖြစ်သူ သော်ဖိလုဒင်ဟာ ဖေဖော်ဝါရီ ( ၂၂ )ရက် က ပြုလုပ်ခဲ့တဲ့" ပျိုပျိုမေရဲ့ သိုးမည်းကြီး " အမည်ရတဲ့ပွဲမှာ ပရိသတ်တွေပိုပြီး သိရှိလာတဲ့သူလည်းဖြစ်ပါတယ်။ ဗဒင်ရဲ့သားဖြစ်သူ သော်ဖိလုဒင်က ကိုယ်ပိုင်သံစဉ်တးသီချင်းများကိုရေးသားတီးဆိုနေတဲ့ တက်သစ်အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။ အဆိုတော် သော်ဖိလုဒင်နဲ့တွေ့ဆုံခိုက် ဖခင်ဖြစ်သူ ဗဒင်နဲ့...

တက္ကသိုလ်တက်ဖို့ ငွေကြေးခက်ခဲနေတဲ့ သင်္ချာပညာထူးချွန်သူလေးတစ်ဦးကို တေလာဆွစ် ငွေကြေးလှူဒါန်း

ဝါဝစ်တက္ကသိုလ်မှာ သင်္ချာပညာသင်ယူချင်တဲ့ စိတ်ကူးအိပ်မက်တွေအတွက် ငွေကြေးအခက်အခဲဖြစ်နေသူတစ်ဦးကို တေလာဆွစ်က စတာလင်ပေါင် ၂၃၀၀၀ လှူဒါန်းပေးခဲ့ပါတယ်။ နာမည်ကျော် တေးရေး၊ တေးဆိုတစ်ဦးဖြစ်တဲ့ တေလာဆွစ်ဟာ ဗစ်တိုးရီးယားမာရီနို အမည်ရ ကျောင်းသူလေးတစ်ဦးရဲ့ ငွေကြေးအခက်အခဲသတင်းကို အွန်လိုင်းကတစ်ဆင့် ကြားသိခဲ့ရပြီးနောက် လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ အသက် ၁၈ နှစ်ပဲရှိသေးတဲ့ ဗစ်တိုရီးယားမာရီနိုဟာ...

ဖခင်အုပ်ထိန်းမှုကင်းလွတ်ခွင့်အတွက် ဘရစ်တနီစပီးယား တရားရုံးမှာ ဦးတိုက်လျှောက်

အမေရိကန်ပေါ့ပ်အဆိုတော် ဘရစ်တနီစပီးယားဟာ သူ့ရဲ့ပုဂ္ဂိုလ်ရေးဘဝအပေါ် ဖခင်ဖြစ်သူရဲ့ ထိန်းချုပ် ကာကွယ်မှုကနေ ကင်းလွတ်ခွင့်ပြုဖို့အတွက် တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့ပါတယ်။ ဘရစ်တနီရဲ့ဖခင်ဖြစ်သူ ဂျေမီစပီးယားဟာ သမီးဖြစ်သူရဲ့ ဘဝနဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေရဲ့ တရားဝင်ထိန်းသိမ်း ကာကွယ်သူအဖြစ် ၁၂ နှစ်ကြာတာဝန်ယူခဲ့သူဖြစ်ပါတယ်။ ဒါဟာ အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ဘရစ်တနီရဲ့ စိတ်ကျန်းမာရေးအရ ဖခင်ဖြစ်သူက တရားဝင်ထမ်းဆောင်ခွင့်ရထားတဲ့...

ချစ်သူ ဆင်ပဆွန်နဲ့ လမ်းခွဲခဲ့ပေမယ့် သူငယ်ချင်းတွေအဖြစ် ဆက်ရှိသွားမယ်လို့ မိုင်လေဆိုင်းရပ်စ် ပြော

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက ချစ်သူတွေအဖြစ် လူသိရှင်ကြား တွဲလာခဲ့တဲ့ ကိုဒီဆင်ပဆွန်နဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ပေမယ့် သူငယ်ချင်းတွေလို ဆက်ရှိသွားမယ်လို့ အမေရိကန် အဆိုတော် မိုင်လေဆိုင်းရပ်စ်က ပြောလိုက်ပါတယ်။ ယမန်နေ့က သူ့ရဲ့ နောက်ဆုံးပေါ် တေးသီချင်းသစ်တစ်ပုဒ်ဖြစ်တဲ့ “Midnight Sky” ကို တရားဝင် ထုတ်လွှင့်ခဲ့တဲ့ မိုင်လေဆိုင်းရပ်စ်က သူနဲ့ ဆင်ပဆွန်တို့ဟာ...

၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် MTV ဆုပေးပွဲအခမ်းအနားမှာ လေဒီဂါဂါ သီဆိုဖျော်ဖြေမည်

နာမည်ကျော်ပေါ့ပ် အဆိုတော် လေဒီဂါဂါဟာ ၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် MTV ဆုပေးပွဲအခမ်းအနားမှာ သီဆိုဖျော်ဖြေပေးသွားမှာဖြစ်ပါတယ်။ ဂရေမီဆုကို ၁၁ ကြိမ်အထိရခဲ့တဲ့ လေဒီဂါဂါဟာ ၂၀၁၃ ခုနှစ်က နောက်ပိုင်း MTV ဆုပေးပွဲအခမ်းအနားမှာ တစ်ကြိမ်မှ ပါဝင်သီဆိုဖျော်ဖြေခဲ့ခြင်းမရှိပါဘူး။ လာမယ့် MTV...

ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ကို တရားစွဲလိုက်တဲ့ အဆိုတော်ကြီး နေးလ်ယန်း

ကနေဒါ ရော့ခ်အဆိုတော်ကြီး နေးလ်ယန်းဟာ သူ့ရဲ့နာမည်ကျော်သီချင်းနှစ်ပုဒ်နဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သူ့ရဲ့ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖွဲ့ကို တရားစွဲဆိုလိုက်ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဟာ လတ်တလောပြုလုပ်ခဲ့တဲ့ မဲဆွယ်စည်းရုံးရေးအစီအစဉ်တွေမှာ နေးလ်ယန်းရဲ့သီချင်းတွေဖြစ်တဲ့ Rockin’ in the Free World နဲ့ Devil’s Sidewalk တို့ကို ကာယကံရှင်ထံခွင့်ပြုချက်မတောင်းဘဲ အသုံးပြုခဲ့ပါတယ်။