Music

From festivals in Florida to touring Dracula’s digs in Romania, we round up the best destinations to visit this October. As summer abandons Europe again this October, eke out the last of the rays and raves in Ibiza, where nightclubs will be going out with a bang for the winter break. When the party finally stops head to the island’s north.

ပခုံးဒဏ်ရာကြောင့် BTS နဲ့အတူ ဆူဂ မပူးပေါင်းနိုင်သေး

နာမည်ကျော် ကေပေါ့ပ်အဖွဲ့ BTS မှ အဆိုတော်တစ်ဦးဖြစ်တဲ့ ဆူဂ ဟာ လွန်ခဲ့တဲ့ ၅ နှစ်နီးပါးကတည်းက ရခဲ့တဲ့ ပခုံးဒဏ်ရာကို နိုဝင်ဘာလက ခွဲစိပ်ကုသမှုခံယူခဲ့ပြီးနောက် ဒဏ်ရာအကင်းမသေသေးတာကြောင့် သူတို့အဖွဲ့နောက်ဆုံးထွက်ရှိထားတဲ့ BE အယ်လ်ဘမ်အတွက် ပရိုမိုးရှင်းပွဲတွေကို လိုက်ပါနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။ People မဂ္ဂဇင်းဝက်ဘ်ဆိုက်ရဲ့ဖော်ပြချက်အရ ဆူဂဟာ ဒီနှစ်ဆန်းပိုင်းမှာ ကျင်းပဖို့ရှိတဲ့ ပွဲတချို့ကိုလည်း...

တွမ်ပါကားရဲ့ ဦးနှောက်အကြိတ်တည်ရောဂါကုသမှု တိုးတက်လာ

အင်္ဂလိပ်-အိုင်းရစ်တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ The Wanted မှ နာမည်ကျော်အဆိုတော် တွမ်ပါကား ဟာ ဦးနှောက်အကြိတ်တည် ရောဂါကို ကုသနေရာမှာ တော်တော်လေးတိုးတက်နေကြောင်း သိရပါတယ်။ အသက် ၃၂ နှစ်အရွယ်ပဲရှိသေးတဲ့ တွမ်ပါကားဟာ ပြီးခဲ့တဲ့နှစ်က ခွဲစိပ်ဖယ်ရှားလို့မရနိုင်တဲ့ ဦးနှောက်အကြိတ်တည်နေတာကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး အခုဆိုရင် အကြိတ်ရဲ့အရွယ်အစားက တော်တော်လေးသေးငယ်သွားပြီလို့ ကြာသပတေးနေ့က အင်စတာဂရမ်ကတစ်ဆင့် သတင်းစကားပါးခဲ့ပါတယ်။

ဂရမ်မီဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၃၁ ရက်နေ့အစား မတ်လ ၁၄ ရက်နေ့ကို ရွှေ့ဆိုင်း

၂၀၂၁ ခုနှစ်ထဲ ကျင်းပမယ့် ဂရမ်မီဆုပေးပွဲအခမ်းအနားကို COVID-19 ဂယက်ကြောင့် မတ်လ ၁၄ ရက်ကို ရွှေ့ဆိုင်းလိုက်ရကြောင်း CNN သတင်းမှာ ဖော်ပြထားပါတယ်။ ကနဦးက ဒီနှစ် ဂရမ်မီဆုပေးအခမ်းအနားကို ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် အခမ်းအနားကျင်းပမယ့် လော့စ်အိန်ဂျလိစ်မြို့နဲ့အတူ ကယ်လီဖိုးနီးယားပြည်နယ်မှာ ဗိုင်းရပ်စ်ကူးစက်မှုတွေမြင့်တက်လာတာကြောင့် ရွှေ့ဆိုင်းခဲ့ရတာလို့ ...

ကမ္ဘာကျော် “You’ll Never Walk Alone” ရဲ့ မူရင်းအဆိုတော် ဂယ်ရီမာ့စ်ဒန် ကွယ်လွန်

ကမ္ဘာကျော်သီချင်းတစ်ပုဒ်ဖြစ်လာမယ့် “You’ll Never Walk Alone”ကို စတင်သီဆိုခဲ့တဲ့ မူရင်းအဆိုတော် ဂယ်ရီမာ့စ်ဒန် ဟာ အသက် ၇၈ နှစ်အရွယ်မှာ နာမကျန်းဖြစ်ပြီး တနင်္ဂနွေနေ့ ကွယ်လွန်သွားပြီဖြစ်ကြောင်း ဘီဘီစီသတင်းအရ သိရပါတယ်။ “Gerry and the Peacemakers” ဂီတအဖွဲ့မှ အဆိုတော် ဂယ်ရီမာ့စ်ဒန်ရဲ့ “You’ll Never Walk...

၂၀၂၀ ခုနှစ်ထဲ ဆုံးရှုံးမှုများစွာရှိခဲ့တယ်လို့ ဂျေလိုပြော

ABC ရုပ်သံကွန်ရက်ကနေ တင်ဆက်တဲ့ နှစ်သစ်ကူးအကြို ဂီတဖျော်ဖြေပွဲမှာ သီဆိုဖျော်ဖြေရင်း အမေရိကန်အမျိုးသမီး ဂီတကြယ်ပွင့် ဂျနီဖာလိုပက်ဇ် က ၂၀၂၀ ခုနှစ်ထဲမှာ ဆုံးရှုံးမှုပေါင်းများစွာရှိခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ “New Year’s Rockin’Eve” လို့ အမည်ပေးထားတဲ့ ဂီတဖျော်ဖြေပွဲကို နယူးယောက်မြို့ တိုင်းမ်စ်ရင်ပြင်မှာ ရုပ်သံပရိသတ်တွေအတွက် အဓိက ရည်ရွယ်ကျင်းပခဲ့ပြီး စတိတ်စင်အနီးတော့ ကြည့်ရှုသူ...

နှစ်သစ်ကူးညမှာ သီချင်းအသစ်တစ်ပုဒ်နဲ့ မိတ်ဆက်မယ်လို့ ကြေညာလိုက်တဲ့ ဂျပ်စတင်ဘီဘာ

ကနေဒါပေါ့ပ်အဆိုတော် ဂျပ်စတင်ဘီဘာ က ယနေ့နှစ်သစ်ကူးည အွန်လိုင်း Live ဖျော်ဖြေမယ့်အစီအစဉ်မှာ သီချင်းအသစ်တစ်ပုဒ်နဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးသွားမယ်လို့ သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ဖွင့်ဟကြေညာလိုက်ပါတယ်။ ဒီသီချင်းရဲ့နာမည်ကို Anyone လို့ ပေးထားပြီး မကြာခင်မှာ ပရိသတ်တွေနားဆင်ခံစားရတော့မယ်လို့လည်း တွစ်တာမှာရေးသားခဲ့ပါသေးတယ်။

ခရစ္စမတ်နေ့ကို ဘာဘေးဒိုးမှာ ချစ်သူအေဆပ်နဲ့အတူ ရီဟားနား ဖြတ်သန်း

မကြာသေးခင်က ချစ်သူတွေအဖြစ် လူသိရှင်ကြားလက်တွဲခဲ့ကြတဲ့ ရီဟားနားနဲ့ အေဆပ်ရော့ကီးတို့ဟာ ခရစ္စမတ်နေ့ကို ဘာဘေးဒိုးစ်မှာ မိသားစုနဲ့အတူဖြတ်သန်းခဲ့ကြပြီး ကြင်ဦးစကာလမှာ ပျော်မဆုံးဖြစ်နေကြပါတယ်။ ဂရမ်မီဆုအတွက် ပဏာမစာရင်းမှာ ရွေးချယ်ခံခဲ့ရဖူးတဲ့ ရက်ပ်အဆိုတော် အေဆပ် ဟာ ၂၀၁၂ ခုနှစ်ကတည်းက ရီဟားနားနဲ့အတူ ဂီတလုပ်ငန်းတွေ အတူတွဲလုပ်ခဲ့ဖူးသူဖြစ်ပြီး ချစ်သူတွေအဖြစ်တွဲခဲ့ကြတာတော့ မကြာသေးပါဘူး။

မန်ချက်စတာမြို့က ကလေးဆေးရုံတွေကို ခရစ္စမတ်လက်ဆောင်တွေ အရီယာနာဂရန်ဒီ ပေးပို့

နာမည်ကျော်ပေါ့ပ်အဆိုတော် အရီယာနာဂရန်ဒီဟာ မန်ချက်စတာမြို့ဆေးရုံတွေမှာ တက်ရောက်ကုသနေတဲ့ ရာပေါင်းများစွာသော လူနာတွေကို ခရစ္စမတ်လက်ဆောင်တွေ ပေးပို့ခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်က မန်ချက်စတာမြို့မှာ ကျင်းပတဲ့ အရီယာနာဂရန်ဒီရဲ့ ဂီတဖျော်ဖြေပွဲမှာ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၂၂ ဦးသေဆုံးရပြီးနောက် မန်ချက်စတာမြို့ဟာ အရီယာနာနဲ့ နှလုံးသားချင်း နီးစပ်ခဲ့ပါတယ်။

မိုက်ကယ်ဂျက်ဆင်ရဲ့ Neverland ခြံကြီးကို ဘီလီယံနာသူဌေးတစ်ဦး ဝယ်ယူ

ကွယ်လွန်သွားပြီဖြစ်တဲ့ နာမည်ကျော် ပေါ့ပ်အဆိုတော် မိုက်ကယ်ဂျက်ဆင်ရဲ့ “Neverland” ခြံကြီးကို ဘီလီယံနာ သူဌေးတစ်ဦးက မူလခေါ်ဈေးရဲ့ လေးပုံ၊ တစ်ပုံနဲ့ပဲ ဝယ်ယူသွားတယ်လို့ ဝေါစထရိတ်ဂျာနယ်မှာ ဒီနေ့ ဖော်ပြထားပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိုလီဗော့စ်က ဧက၂၇၀၀ ကျယ်ဝန်းတဲ့ ၎င်းခြံကြီးကို ၂၀၁၅ ခုနှစ်က အမေရိကန်ဒေါ်လာ သန်းတစ်ရာနဲ့ ဈေးကွက်ထဲတင်ခဲ့ပေမယ့် အခုနောက်ဆုံး အမေရိကန်ဒေါ်လာ...

ချစ်သူနဲ့ စေ့စပ်လိုက်ကြောင်း အင်စတာဂရမ်ကနေ အရီယာနာဂရန်ဒီ အသိပေး

ဂရမ်မီဆုရ အဆိုတော် အရီယာနာဂရန်ဒီ ဟာ သူမရဲ့ ချစ်သူ ဒေလ်တန်ဂိုမက်ဇ်နဲ့ စေ့စပ်လိုက်ကြောင်းကို တနင်္ဂနွေနေ့က အင်စတာဂရမ်မှာ စေ့စပ်လက်စွပ်နဲ့ရိုက်ထားတဲ့ ဓာတ်ပုံတွေတင်ပြီး ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။ အရီယာနာနဲ့ ဒေလ်တန်တို့ဟာ ဒီနှစ်ဆန်းပိုင်းက စတွဲခဲ့ကြပေမယ့် မေလကမှ ချစ်သူတွေအဖြစ် လူသိရှင်ကြား လက်တွဲခဲ့ကြတာဖြစ်ပါတယ်။