Music

From festivals in Florida to touring Dracula’s digs in Romania, we round up the best destinations to visit this October. As summer abandons Europe again this October, eke out the last of the rays and raves in Ibiza, where nightclubs will be going out with a bang for the winter break. When the party finally stops head to the island’s north.

၁၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် System ရဲ့ သီချင်းသစ် နှစ်ပုဒ်ထွက်ရှိ

၂၀၀၆ ခုနှစ်က ဂရေမီဆုရပြီးနောက်ပိုင်း အဖွဲ့လိုက် လှုပ်ရှားမှုသိပ်မရှိတော့တဲ့ System of a Down အဖွဲ့ဟာ ၁၅ နှစ်အတွင်း သူတို့ရဲ့ ပထမဆုံးသီချင်း နှစ်ပုဒ်ကို ယမန်နေ့က ထုတ်လွှင့်လိုက်ပါတယ်။ ဒါရွန်းမလက်ကီယန်၊ ဂျွန်ဒိုမာယန်၊ အိုဒက်ဂျီယန်နဲ့ တန်ကီယန်တို့ပါဝင်တဲ့ အဲဒီမော်ဒန်ရော့ခ်ဂီတအဖွဲ့ဟာ လက်ရှိ ဖြစ်ပွားနေတဲ့ အာမေးနီးယားစစ်ပွဲကို ရည်ရွယ်ရေးစပ်ထားတဲ့ သီချင်းသစ်...

ဘိုဖြူရဲ့ ကိုယ်ပိုင်သံစဉ် နံနက်ခင်းသစ် စီးရီးမိတ်ဆက်

ရန်ကုန်၊ ဒီဇင်ဘာ-၁၃ ဂီတသက်တမ်း (၂၁)နှစ်ရှိပြီဖြစ်သော အဆိုတော်ဘိုဖြူ၏ ဒသမအကြိမ် တစ်ကိုယ်တော် "နံနက်ခင်းသစ်" တေးအယ်လ်ဘမ်တွင် ကိုယ်ပိုင်သံစဉ်သစ်များပါဝင်ပြီး ဒီဇင်ဘာ ၁၈ ရက်တွင် ရတနာမြိုင်တေးသံသွင်းက ဖြန့်ချိမည်ဖြစ်ကြောင်း စာနယ်ဇင်းမိတ်ဆက်ပွဲကို ဒီဇင်ဘာ၁၂ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့အော့ကစ်ဟိုတယ်၌ ကျင်းပသည်။ "ကျွန်တော် ဒီခေါင်းစဉ်လေးပေးဖြစ်တာကတော့ နံနက်ခင်းတိုင်းဟာ အားလုံးအတွက် ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံမှုရှိမယ်။ နောက် ဒီအခွေကို နားထောင်သူတိုင်းကလည်း နံနက်ခင်းသစ်ရဲ့အရသာလေးလိုပီတိဖြစ်ပြီး မင်္ဂလာအပေါင်း ပြည့်စုံစေချင်ပါတယ်"ဟု အဆိုတော်ဘိုဖြူက ပြောဆိုသည်။ အဆိုပါသီချင်းခွေတွင်...

အောင်မြင်ခဲ့တဲ့ သီချင်းဟောင်းတွေထည့်သွင်းသီဆိုထားတဲ့ တေးအယ်လ်ဘမ်သစ် မာရီယာကာရေး စတင်ထုတ်လွှင့်

ပြီးခဲ့တဲ့အင်္ဂါနေ့ကမှ “The Meaning of Mariah Carey” စာအုပ်ကို ဖြန့်ချိခဲ့တဲ့ နာမည်ကျော်ပေါ့ပ်အဆိုတော် မာရီယာကာရေးဟာ သူအသံသွင်းခဲ့ပြီးမှ မထုတ်ဖြစ်ခဲ့တဲ့ သီးချင်းတွေနဲ့အတူ အောင်မြင်ခဲ့တဲ့ သူ့သီချင်းဟောင်းတွေပါဝင်တဲ့ တေးဂီတအယ်လ်ဘမ်အသစ်ကို ဒီကနေ့ အောက်တိုဘာ ၂ ရက်မှာ စတင်ထုတ်လွှင့်လိုက်ပါတယ်။ “The Rarities” လို့ အမည်ပေးထားတဲ့ ဒီ အယ်လ်ဘမ်သစ်မှာ...

တရုတ်အဆိုပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ဂျက်ဆီဂျေ

X Factor အဆိုပြိုင်ပွဲနဲ့ ပုံစံတူဖြစ်တဲ့ တရုတ်နိုင်ငံမှာပြုလုပ်တဲ့ အဆိုပြိုင်ပွဲတစ်ခုမှာ အင်္ဂလန်ပေါ့ပ်အဆိုတော် ဂျက်ဆီဂျေ တစ်ယောက် အနိုင်ရဗိုလ်စွဲခဲ့တယ်လို့ဆိုပါတယ်။ The Voice UK အဆိုပြိုင်ပွဲမှာ ဒိုင်လူကြီးတစ်ဦးအဖြစ် ပါဝင်လေ့ရှိတဲ့ အဆိုတော်ဂျက်ဆီဂျေဟာ Price Tag နဲ့ Domino တို့လို တေးသီချင်းတွေအပါအဝင် ဟစ်သီချင်းကောင်းများရဲ့နောက် ကွယ်က စတားတစ်ဦးလည်း ဖြစ်ပါတယ်။ ပထမတန်းစား နိုင်ငံတကာအဆိုတော်တွေပါဝင်ခဲ့ကြတဲ့ ဒီပွဲအပြီးမှာ ဂျက်ဆီဂျေက တရုတ်နိုင်ငံရဲ့ ထူးချွန်အဆိုတော် အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။...

ဗြိတိန်အယ်လ်ဘမ်စာရင်းမှာ ရိုးလင်းစတုန်းစ်အဖွဲ့ စံချိန်တစ်ခုတင်နိုင်ခဲ့

၁၉၇၃ ခုနှစ်က “Goats Head Soup” တေးအယ်လ်ဘမ်ကို ပုံစံပြောင်းပြီး ပြန်လည်တီးခတ်တီဆိုထားတဲ့ ရိုးလင်းစတုန်းစ်ရဲ့ အယ်လ်ဘမ်အသစ်ဟာ သောကြာနေ့က ဗြိတိန်အယ်လ်ဘမ်ဇယားရဲ့ထိပ်ဆုံးကို ရောက်ရှိခဲ့တာကြောင့် ဂီတသမိုင်းတလျှောက် စံချိန်သစ်တစ်ရပ်ကို တင်နိုင်ခဲ့တယ်လို့ Sky News သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ထွက်ရှိခဲ့သမျှ ရိုးလင်းစတုန်းစ်ရဲ့တေးအယ်လ်ဘမ်တွေထဲ ဗြိတိန်အယ်လ်ဘမ်စာရင်းမှာ နံပါတ် ၁ နေရာကို...

နေမင်းအိမ်၏ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီး ‘အရေးကြီးဆုံး’ စတင်မိတ်ဆက်

ရန်ကုန်၊ ဖေဖော်ဝါရီ-၁၀ နေမင်းအိမ်၏ ပထမဆုံးတေးစီးရီးမိတ်ဆက်ပွဲကို ရန်ကုန်မြို့ Orchid Hotel ၌ ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့သည်။ 'ဒီအခွေမှာ အရေးကြီးဆုံးဆိုတဲ့ တေးသီချင်းတစ်ပုဒ်ပါပါတယ်။ အဲဒါကြောင့် ကျွန်တော်က ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ အတွက် ဒီအခွေလေးကလည်း ကျွန်တော့်ဘ၀အတွက် အရေးကြီးဆုံးဖြစ်တဲ့အတွက်ကြောင့် အရေးကြီးဆုံးလို့ နာမည်ပေးဖြစ်တာပါ။ ပြီးတော့သီချင်းလေးထဲမှာပါတဲ့ အကြောင်းအရာလေးကလည်း ခွန်အားပေးတဲ့အရာလေး ဖြစ်တဲ့အတွက် အဆင်ပြေမှာပါ'ဟု တေးစီးရီးခေါင်းစဉ်နှင့်ပတ်သက်၍ တေးသံရှင်နေမင်းအိမ်ကပြောဆိုသည်။ တေးသံရှင်နေမင်းအိမ်၏ တေးစီးရီးကို နာမည်ကျော်တေးရေးများဖြစ်ကြသော တေးရေးညီညီသွင်၊...

တေးသံရှင်လွှမ်းပိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း

ဘိုဘို ရုပ်ရှင်ထုတ်လုပ်ရေးအတွက် လူငယ်ဒါရိုက်တာအောင်ဇော်လင်းနဲ့ဝင်းလွင်ထက်တို့နှစ်ဦး တွဲဖက်ရိုက်ကူးထားပြီး တေးသံရှင်လွှမ်းပိုင်၊ ရဲရင့်အောင်နဲ့သရုပ်ဆောင်ဖွေးဖွေးတို့ အဓိကပါဝင်သရုပ်ဆောင်ထားကြတဲ့ ငါ့ကိုနမ်းတဲ့မုန်တိုင်း ရုပ်ရှင်ဇာတ်ကားကို ဇွန် ၁ ရက်ကစပြီး ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ တေးသံရှင်လွှမ်းပိုင်အတွက် ပထမဆုံးရုံတင်မယ့်ရုပ်ရှင်ဇာတ်ကားလည်းဖြစ်တာကြောင့် လွှမ်းပိုင်နဲ့တွေ့ဆုံပြီး ဒီဇာတ်ကားအတွက် ရင်ခုန်သံ၊ ဇာတ်ကားရိုက်ကူးစဉ် စိတ်ခံစားချက်တွေနဲ့ ခိုင်မာတဲ့ Relationship တစ်ခုကို ပိုင်ဆိုင်ထားတဲ့ အချစ်ရေးအကြောင်း တွေကို မေးမြန်းထားပါတယ် - မေး - ငါ့ကိုနမ်းတဲ့မုန်တိုင်းက မကြာခင်ရုံတင်တော့မယ်ဆိုတော့ ဒီဇာတ်ကားအတွက်...

ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ကို တရားစွဲလိုက်တဲ့ အဆိုတော်ကြီး နေးလ်ယန်း

ကနေဒါ ရော့ခ်အဆိုတော်ကြီး နေးလ်ယန်းဟာ သူ့ရဲ့နာမည်ကျော်သီချင်းနှစ်ပုဒ်နဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သူ့ရဲ့ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖွဲ့ကို တရားစွဲဆိုလိုက်ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဟာ လတ်တလောပြုလုပ်ခဲ့တဲ့ မဲဆွယ်စည်းရုံးရေးအစီအစဉ်တွေမှာ နေးလ်ယန်းရဲ့သီချင်းတွေဖြစ်တဲ့ Rockin’ in the Free World နဲ့ Devil’s Sidewalk တို့ကို ကာယကံရှင်ထံခွင့်ပြုချက်မတောင်းဘဲ အသုံးပြုခဲ့ပါတယ်။

အဆိုတော်ဖြူဖြူကျော်သိန်းနှင့်တွေ့ဆုံခြင်း

"ခံစားချက်မတူကြဘူး။ အတွေ့အကြုံတွေမတူကြဘူး။ သီချင်းတစ်ပုဒ်ကို ခံစားပုံလေးတွေ မတူညီကြဘူး" အဆိုတော်ခင်မောင်တိုး၏ တေးသီချင်းများကို ပင်တိုင်ထုတ်လုပ်ဖြန့်ချိခဲ့သော 'လှိုင်း'တေးထုတ်လုပ်ရေး၏ နှစ်(၅၀)ပြည့် 'ရွှေရတုအထိမ်းအမှတ်' တေးသီချင်းခွေထွက်လာသည်။ ယင်းသီချင်းခွေ၌ အောင်ထက်၊ စောလားထော်ဝါး၊ M ဇော်ရိန်၊ မိုးသောက်၊ နေမင်းအိမ်၊ ဖြူဖြူကျော်သိန်း၊ ချမ်းချမ်း၊ အိုင်းရင်းဇင်မာမြင့်၊ ဘီလီလမင်းအေးတို့၏ သီချင်း ၁၂ ပုဒ်ပါဝင်သည်။ ယင်းတေးသီချင်းခွေ၌ တေးရေးမောင်မောင်ရေးသားပြီး ခင်မောင်တိုး သီဆိုခဲ့သည့် 'ဆည်းလည်းရှိုက်သံ'ကို ဖြူဖြူကျော်သိန်းပြန်လည်သီဆိုခဲ့ရာ ဝေဖန်သံများအကြောင်းကို အဆိုတော်ဖြူဖြူကျော်သိန်းအား မေးမြန်းခဲ့ပါသည်- မေး။...

ဂီတပိုင်းတွင် အမှန်တကယ်အရည်အချင်းရှိသူကိုသာ မဲပေးရန် မြန်မာပြည်သိန်းတန် အကြံပြု

ရန်ကုန်၊ ဇန်န၀ါရီ-၁၃ Myanmar Idol Season 3 ပြိုင်ပွဲ၌ ဂီတပိုင်းတွင် အမှန်တကယ် အရည်အချင်းရှိသူကိုသာ Vote မှန်မှန်ကန်ကန် ရွေးချယ်ပေးရန်အတွက် အကြံ ပြုစကားကို ဇန်န၀ါရီ ၁၁ ရက်က မြန်မာပြည်သိန်းတန်(အကဲဖြတ်ဒိုင်)က စံ တော်ချိန်သို့ ပြောဆိုသည်။ 'ယုံကြည်ချက် ပြင်းပြင်းထန်ထန်ထားဖို့နဲ့ ဇွဲသတ္တိရှိဖို့လိုပါမယ်။ ပြီးရင် Vote ပေးကြမယ့် ပြည်သူတွေကိုလည်း မှာချင်တာလေးတစ်ခုက အရည်အချင်း ပြည့်မီတဲ့ကလေးတွေကို ရွေးထုတ်ပေးဖို့ပဲ အဓိကအားပေးစေချင်ပါတယ်။ မိမိ တို့ရဲ့ဒေသအလိုက်၊...