မော်ဒယ်လ်၊ သရုပ်ဆောင်ဇွန်သဉ္ဇာ၏ ရှေ့ဆက်လုပ်ဆောင်မည့် အနုပညာလှုပ်ရှားမှုအကြောင်း စာနယ်ဇင်းရှင်းလင်း
ရန်ကုန်၊ ဇန်နဝါရီ-၂၃
မော်ဒယ်လ်၊ သရုပ်ဆောင် နွယ်သဉ္ဇာ၏ ရှေ့ဆက်လုပ်ဆောင်မည့် အနုပညာလှုပ်ရှားမှုအကြောင်း Forward To Art Show နှင့် ပတ်သက်၍ စာနယ်ဇင်းရှင်းလင်းပွဲအခမ်းအနားကို ဇန်နဝါရီ ၂၃ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ အော့ကစ်ဟိုတယ်၌ ကျင်းပသည်။
"ကျွန်မ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ ၁၀ ရက်က ပွဲမိန့်ပိတ်ခံခဲ့ရတယ်။ ပွဲပိတ်ခဲ့တဲ့သဘင်အစည်းအရုံးကို သွားရောက်ရှင်းလင်းပြီး အဆင်ပြေသွားလို့ အခုလိုရှင်းလင်းပွဲ လုပ်တာပါ။ အခုပွဲတွေ လက်ခံသီဆိုမယ့်အကြောင်း...
အဆိုတော်၊ သရုပ်ဆောင် ပိုပိုနှင့် တွေ့ဆုံခြင်း
'ပို့ရဲ့ဘ၀က နည်းနည်းတော့ အထီးကျန်ဆန်တယ်'
အဆိုတော်ပိုပိုသည် ကိုယ်တိုင်ရေးအလွမ်းသီချင်းများဖြင့် ဂီတသက်တမ်းငါးနှစ်ကျော်ရှိပြီး ချစ်ဖူးခဲ့သမျှ၊ အလွမ်းမကြိုက်တဲ့ ရေဒီယို Master Piece သီချင်းခွေများ ထွက်ရှိထားသူလည်း ဖြစ်သည်။ မေ ၁၆ ရက်တွင်ထွက်ရှိမည့် အမ်တီဗွီသီချင်းခွေ တွင် မင်းကိုနမ်းခွင့်ပေးပါ သီချင်းတစ်ပုဒ်အား ပရိသတ်အတွက် လက်ဆောင်ထည့်သွင်းပေးမည့်အကြောင်း၊ ဖေဖော်ဝါရီ လတွင် ရှပ်ဖိုးချစ်သူရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးမည့်အကြောင်း၊ မိမိဘ၀ အခက်အခဲများအကြောင်းနှင့်စပ်လျဉ်း၍ အဆိုတော်၊ သရုပ်ဆောင်ပိုပိုနှင့်တွေ့ဆုံခိုက် မေးမြန်းခဲ့ပါသည်-
မေး။ လတ်တလော အနုပညာလှုပ်ရှားမှုကို ပြောပါဦး။
ဖြေ။...
‘Marry Me’ တေးသီချင်းတစ်ပုဒ်ကို အလင်းရောင်နှင့်အတူ ရိုက်ကူးနေတဲ့ ပိုပို
ရန်ကုန်၊ ဇန်န၀ါရီ-၂၀
အဆိုတော်ပိုပိုသည် သရုပ်ဆောင်အလင်းရောင်နှင့်အတူ “Marry Me” တေးသီချင်းတစ်ပုဒ်ကို V7 Entertainment နှင့် အွန်လိုင်းပေါ်ထုတ်လွှင့်နိုင်ရန်အတွက် ရိုက်ကူးနေကြောင်း စံတော်ချိန်သို့ ပြောဆိုသည်။
'ပိုပိုရဲ့သီချင်းလေးက အခွေအတွက် မဟုတ်ပါဘူး။ အလွမ်းသီချင်းတွေက ပျင်းစရာကောင်းလို့ အချစ်သီချင်းလေးရေးပါဦး ဆိုလို့ ရေးဖြစ်တာပါ။ ဒီရက်ပိုင်းမှာ မနန်းမြတ်ဖြိုးသင်းနဲ့ မဒီးဒီ(စန္ဒီမြင့်လွင်)တို့ကလည်း မင်္ဂလာဆောင်တော့မယ်ဆိုတော့ သူတို့ကိုအားကျပြီး သီချင်းလေးရေးဖြစ်တာပါ။ ဒါကြောင့် အလင်းရောင်နဲ့အတူ သရုပ်ဆောင်ထားပါတယ်'ဟု အဆိုတော် ပိုပိုက ပြောဆိုသည်။
အဆိုပါတေးသီချင်းကို ပိုပိုကိုယ်တိုင်ရေးသားထားပြီး အဆိုတော်ဟဲလေးနှင့်...
Myanmar Idol Season 2 မှ ပိုးမီ နှင့် တွေ့ဆုံခြင်း
Myanmar Idol Season 2 မှ ပိုးမီသည် တစ်ကိုယ်တော် "နောက်ထပ်တစ်ယောက်မရှိ"တေးအယ်လ်ဘမ်တွင် အမ်တီဗွီသုံးပုဒ် လက်ဆောင်အဖြစ် ထည့်သွင်းထားကြောင်း၊ ဖေဖော်ဝါရီ(သို့) မတ်လပိုင်းလောက် သီချင်းခွေထွက်ရန် စီစဉ်နေကြောင်း သိရသည်။ "နောက်ထပ်တစ်ယောက်မရှိ" သီချင်းခွေကို ဒါရိုက်တာအောင်မိုးနှင့် အောင်နိုင်စန်းတို့က တောင်ကြီး၊ အင်းလေးဒေသများတွင် ဇာတ်လမ်းပုံစံနှင့် ပိုးမီကိုယ်တိုင် နှစ်ပုဒ်သရုပ်ဆောင်ထားကြောင်းနှင့် စပ်လျဉ်း၍ Myanmar Idol Season 2 မှ ပိုးမီနှင့်တွေ့ဆုံခိုက် မေးမြန်းခဲ့ပါသည် -
မေး...
လူငယ်တေးသံရှင်များ ပါဝင်သီဆိုထားသော “ရင်ထဲမှသံစဉ်များ” စာနယ်ဇင်းမိတ်ဆက်
ရန်ကုန်၊ ဇန်နဝါရီ-၁၈
လူငယ်တေးသံရှင်များဖြစ်သော Wanted၊ မိုးမိုး၊ သာဒီးလူ၊ Side Effect၊ ဇွဲပြည့်၊ Deficiency၊ ညလင်းထယ်၊ Eternal – Gash (Featur-သူရ)၊ ဘိုအောင်၊ Empty Band၊ ထက်မွန် ၊ ဝေယံမင်းသ(Crazy Monster)တို့ ပါဝင်သီဆိုထားသည့် "ရင်ထဲမှသံစဉ်များ" တေးအယ်လ်ဘမ်မိတ်ဆက်ပွဲကို ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ Orchid Hotel ၌...
ဂီတပိုင်းတွင် အမှန်တကယ်အရည်အချင်းရှိသူကိုသာ မဲပေးရန် မြန်မာပြည်သိန်းတန် အကြံပြု
ရန်ကုန်၊ ဇန်န၀ါရီ-၁၃
Myanmar Idol Season 3 ပြိုင်ပွဲ၌ ဂီတပိုင်းတွင် အမှန်တကယ် အရည်အချင်းရှိသူကိုသာ Vote မှန်မှန်ကန်ကန် ရွေးချယ်ပေးရန်အတွက် အကြံ ပြုစကားကို ဇန်န၀ါရီ ၁၁ ရက်က မြန်မာပြည်သိန်းတန်(အကဲဖြတ်ဒိုင်)က စံ တော်ချိန်သို့ ပြောဆိုသည်။
'ယုံကြည်ချက် ပြင်းပြင်းထန်ထန်ထားဖို့နဲ့ ဇွဲသတ္တိရှိဖို့လိုပါမယ်။ ပြီးရင် Vote ပေးကြမယ့် ပြည်သူတွေကိုလည်း မှာချင်တာလေးတစ်ခုက အရည်အချင်း ပြည့်မီတဲ့ကလေးတွေကို ရွေးထုတ်ပေးဖို့ပဲ အဓိကအားပေးစေချင်ပါတယ်။ မိမိ တို့ရဲ့ဒေသအလိုက်၊...
Myanmar idol Season 3 ပြန်စတော့မည်
ရန်ကုန်၊ ဇန်နဝါရီ ၁၁
ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ Myanmar idol အစီအစဉ်ကို မကြာခင်ပြန်လည်စတင်တော့မယ်လို့ သိရပါတယ်။
ပြန်လည်စတင်မည့် Season မှာ ထူးခြားမှုအဖြစ် မြန်မာနိုင်ငံပြည်ပရှိ အဆိုဝါသနာရှင်များလည်း ပါဝင်ယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။
ဒိုင်လူကြီးများအဖြစ် မြန်မာပြည်သိန်းတန်အပါအဝင် ရန်အောင်၊ မျိုးကျော့မြိုင်နှင့် တင်ဇာမော်တို့က ဦးဆောင်သွားမှာ ဖြစ်ပါတယ်။
အဆိုတော်ရတနာမိုင်နှင့် တွေ့ဆုံခြင်း
အချစ်သီချင်းချိုချိုများဖြင့် ပရိသတ်အားပေးမှုရရှိထားသော အဆိုတော်ရတနာမိုင်သည် ပရိသတ်အတွက် တစ်ကိုယ်တော် သီချင်းခွေများအပြင် Mini Album များကိုပါ အဆက်မပြတ် ဖန်တီးချပြနေသူလည်းဖြစ်သည်။ ၂၀၁၈ခုနှစ်တွင် မိမိကြိုက်နှစ်သက်သည့် ဖက်ရှင်အကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းနှင့်စပ်လျဉ်း၍ အဆိုတော်ရတနာမိုင်နှင့် တွေ့ဆုံခိုက်မေးမြန်းခဲ့သည် -
မေး - လက်ရှိ မိုင်လေးကြိုက်တဲ့ဖက်ရှင်က ဘယ်လိုဖြစ်မလဲပြောပါဦး။
ဖြေ - မိုင်လေး လက်ရှိ ကြိုက်နှစ်သက်တဲ့ဖက်ရှင်က ခန္ဓာကိုယ်ကိုပေါ်စေမယ့် ကိုယ်ကျပ်အင်္ကျီလေးတွေကြိုက်တယ်။ ကိုယ်တိုင်ကလည်း ခန္ဓာကိုယ်ပေါ်ရအောင် ခန္ဓာကိုယ်သိပ်လှတဲ့အထဲမပါဘူး။ လောလောဆယ်တော့ ဂါဝန်လေးတွေ ဝတ်ဆင်ဖြစ်တာများပါတယ်။...
စန္ဒီမြင့်လွင် မတ်လ မင်္ဂလာဆောင်မည်
ရန်ကုန်၊ ဇန်နဝါရီ-၂
သရုပ်ဆောင်၊ အဆိုတော် စန္ဒီမြင့်လွင်သည် မတ်လတွင် ချစ်သူဖြစ်သူ သီဟလွင်နှင့် မင်္ဂလာဆောင်မည်ဖြစ်ကြောင်း စံတော်ချိန်သို့ ပြောဆိုသည်။
"ဒီးဒီတို့ မင်္ဂလာပွဲအတွက် ကြိုတင်ပြင်ဆင်ထားတာ ရှစ်လလောက်ရှိပါပြီ။ ကိုယ့်မင်္ဂလာပွဲအတွက် လိုအပ်မယ့်အရာလေးတွေပေါ့။ သူက အနုပညာလောကက မဟုတ်ပါဘူး။ ဒီးဒီးတို့ မတ်လထဲမှာ မင်္ဂလာပွဲကျင်းပမှာပါ။ မင်္ဂလာပွဲ ထုံးတမ်းအစဉ်အလာအတိုင်း ပုံမှန်အတိုင်း မင်္ဂလာဆွမ်းကျွေးလုပ်မယ်။ မင်္ဂလာလက်မှတ်ရေးထိုးပွဲ ကျင်းပမယ်။ နှစ်ဖက်မိဘတွေနဲ့၊ ဆွေမျိုးတွေ နဲ့ မင်္ဂလာပွဲအကျဉ်းချုံးလေးကျင်းပမှာပါ။ စုလျားရစ်ပတ်မင်္ဂလာနဲ့ ညဘက် Dinner...
“မာယာသံကျယ်လွန်းသူ” တေးအယ်လ်ဘမ် စာနယ်ဇင်းမိတ်ဆက်
ရန်ကုန်၊ ဒီဇင်ဘာ-၃၁
တေးသံရှင် Marian နှင့်Luck တို့ သီဆိုထားသော "မာယာသံကျယ်လွန်းသူ" တေးအယ်လ်ဘမ်တွင် ကိုယ်ပိုင်သံစဉ်သစ်များပါဝင်ပြီး ဒီဇင်ဘာ ၃၀ ရက်တွင် သည်ဆန်းမြူးဇစ်ပရိုဒက်ရှင်းက ဖြန့်ချိခဲ့ပြီး စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ အော့ကစ်ဟိုတယ်၌ ကျင်းပသည်။
"ကျွန်တော်တို့နှစ်ယောက်ခေါင်းစဉ်သီချင်းလေးကို အတူဆိုထားတာပါ။ သီချင်းလေးက မြူးလည်းမြူးပြီး အချစ်မှာသစ္စာမရှိတဲ့အကြောင်း ရေးသားထားပါတယ်"ဟု တေးသံရှင် Luck က ပြောဆိုသည်။ အဆိုပါသီချင်းခွေတွင်...