Music

From festivals in Florida to touring Dracula’s digs in Romania, we round up the best destinations to visit this October. As summer abandons Europe again this October, eke out the last of the rays and raves in Ibiza, where nightclubs will be going out with a bang for the winter break. When the party finally stops head to the island’s north.

ချစ်သူနဲ့ စေ့စပ်လိုက်ကြောင်း အင်စတာဂရမ်ကနေ အရီယာနာဂရန်ဒီ အသိပေး

ဂရမ်မီဆုရ အဆိုတော် အရီယာနာဂရန်ဒီ ဟာ သူမရဲ့ ချစ်သူ ဒေလ်တန်ဂိုမက်ဇ်နဲ့ စေ့စပ်လိုက်ကြောင်းကို တနင်္ဂနွေနေ့က အင်စတာဂရမ်မှာ စေ့စပ်လက်စွပ်နဲ့ရိုက်ထားတဲ့ ဓာတ်ပုံတွေတင်ပြီး ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။ အရီယာနာနဲ့ ဒေလ်တန်တို့ဟာ ဒီနှစ်ဆန်းပိုင်းက စတွဲခဲ့ကြပေမယ့် မေလကမှ ချစ်သူတွေအဖြစ် လူသိရှင်ကြား လက်တွဲခဲ့ကြတာဖြစ်ပါတယ်။

ရီဟားနားကို သီချင်းနဲ့ ပြန်တောင်းပန်လိုက်တဲ့ အီမီနမ်

၂၀၀၉ ခုနှစ်က ရီဟားနားအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားခဲ့တဲ့ ခရစ္စဘရောင်းဘက်ကနေ ရပ်တည်ခဲ့မှုအတွက် အီမီနမ် က သီချင်းသစ်နဲ့အတူ ပြန်လည်တောင်းပန်လိုက်ပါတယ်။ ရီဟားနားနဲ့ ခရစ္စဘရောင်းတို့ဟာ ၂၀၀၇ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ချစ်သူတွေအဖြစ် တွဲခဲ့ကြပြီး ၂၀၀၉ ခုနှစ်ကတော့ ရီဟားနားကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ ခရစ္စဘရောင်း စွဲချက်တင်ခံခဲ့ရပါတယ်။

မာရီယာကာရေးရဲ့ ခရစ္စမတ်သီချင်း လူကြိုက်အများဆုံးစာရင်းဝင်

ခရစ္စမတ်ရောက်တိုင်း မရိုးနိုင်တဲ့ မာရီယာကာရေးရဲ့ “All I Want For Chrismas Is You” သီချင်းဟာ အမေရိကန်နဲ့ ဗြိတိန် တေးသီချင်းတန်းစီဇယားနှစ်ခုစလုံးမှာ နံပါတ်(၁)နေရာကို ပြိုင်တူရောက်လာတယ်လို့ Daily Mail သတင်းတစ်ရပ်အရ သိရပါတယ်။ ၁၉၉၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Merry Christmas”အယ်လ်ဘမ်ထဲက ဒီသီချင်းဟာ...

သုံးနှစ်အတွင်း ဂျပ်စတင်ဘီဘာရဲ့ ပထမဆုံးဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ Live Stream ကတစ်ဆင့် ထုတ်လွှင့်ဖို့ စီစဉ်ထား

ကနေဒါဖွား ပေါ့ပ်အဆိုတော် ဂျပ်စတင်ဘီဘီဟာ သုံးနှစ်အတွင်း ၎င်းရဲ့ပထမဆုံးဂီတဖျော်ဖြေပွဲအဖြစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ T-Mobile တယ်လီကွန်းကုမဏီနဲ့ ပူးပေါင်းပြီး ကျင်းပသွားမယ်လို့ ဒေးလီးမေးလ်သတင်းအရ သိရပါတယ်။ ဘီဘာဟာ ၂၀၁၆ ခုနှစ်၊ မတ်လကနေ ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း “Purpose World Tour” ဂီတဖျော်ဖြေပွဲတွေကို လှည့်လည် ဖျော်ဖြေသီဆိုခဲ့ပြီးနောက်ပိုင်း...

အရီနာဂရန်ဒီရဲ့ “Positions”က လူကြိုက်အများဆုံး တေးအယ်လ်ဘမ်စာရင်း နံပါတ်တစ်နေရာမှာ ဆက်လက် ရပ်တည်

အရီနာဂရန်ဒီရဲ့ “Positions” တေးအယ်လ်ဘမ်ဟာ အမေရိကန်လူကြိုက်အများဆုံး ဂီတအယ်လ်ဘမ်စာရင်းမှာ ခြောက်ပတ်ဆက်တိုက် နံပါတ်တစ်နေရာမှာ ရပ်တည်နိုင်ခဲ့တယ်လို့ music-news ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ “Positions” အရီနနာဂရန်ဒီရဲ့ ဆဋ္ဌမမြောက် တေးအယ်လ်ဘမ်ဖြစ်ပြီး အောက်တိုဘာ ၃၀ရ က်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပါတယ်။

ဆလီနာဂိုမက်စ်ကို နောက်ပြောင်မိတဲ့အတွက် Saved by the Bell အစီအစဉ် ပြန်လည်တောင်းပန်

ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်လွှင့်ခဲ့တဲ့ Saved by the Bell အစီအစဉ်တစ်ရပ်မှာ ဆလီနာဂိုမက်စ်ရဲ့ ကျောက်ကပ် အစားထိုး ခွဲစိပ်ကုသမှုခံရတဲ့အကြောင်းကို ထည့်သွင်းနောက်ပြောင်မိတဲ့အတွက် အစီအစဉ်ထုတ်လုပ်ရေးမှူးတွေနဲ့အတူ NBC ရုပ်သံကွန်ရက်မှ တာဝန်ရှိသူတွေပါ ပြန်လည်တောင်းပန်လိုက်ရပါတယ်။ Saved by the Bell ဟာ အမေရိကန် ဟာသရုပ်သံစီးရီးအစီအစဉ်တစ်ရပ်ဖြစ်ပြီး အစီအစဉ်မှာပါဝင်သူနှစ်ဦးက “ဆလီနာမှာ ကျောက်ကပ်တောင်ရှိရဲ့လား”...

အဲရစ်ကလက်တန်နဲ့ ဗန်မောရစ်ဆင်တို့ပေါင်းပြီး သီချင်းသစ်တစ်ပုဒ် ထုတ်လွှင့်

“Tears in Heaven” ၊ “Cocaine”၊ “Old Love” စတဲ့သီချင်းတွေနဲ့အတူ ပရိသတ်တွေအကြား ရင်းနှီးခဲ့တဲ့ အင်္ဂလိပ်ရော့ခ်အဆိုတော် အဲရစ်ကလက်တန်ဟာ ဗန်မောရစ်ဆင်နဲ့ပေါင်းပြီး ဒီဇင်ဘာ ၄ ရက်မှာ သီချင်းသစ်တစ်ပုဒ်ထုတ်လွှင့်မယ်လို့ သိရပါတယ်။ အဲရစ်ကလက်တန်နဲ့ ဗန်မောရစ်ဆင်တို့ဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေကတည်းက စတင် အောင်မြင်ကျော်ကြားခဲ့ကြတဲ့ အဆိုတော်တွေဖြစ်ကြပြီး သူတို့ရဲ့သီချင်းသစ်ကို “Stand...

တေလာဆွစ်ရဲ့ folklore (ဖော့ခလိုရီ) အယ်ဘမ်အချပ်ရေ ရောင်းချရမှု တစ်သန်းကျော်ရှိ

အမေရိကန်အဆိုတော် တေလာဆွစ်ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ဖော့ခလိုရီ (Folklore) တေးအယ်ဘမ်ဟာ ယခု ၂၀၂၀ ပြည့်နှစ်မှာ အမေရိကန်ဈေးကွက်အတွင်း ရောင်းအားအချပ်ရေတစ်သန်းပြည့်မြောက်တဲ့ ပထမဆုံးတေးအယ်ဘမ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ ဖောခလိုရီဟာ ယခုနှစ်၊ ဇူလိုင်လက ထွက်ရှိခဲ့တဲ့အယ်ဘမ်ဖြစ်ပြီး လက်ရှိအချိန်အထိ အချပ်ရေ ၁ ဒသမ ၀၃၈ သန်းအထိရောင်းချခဲ့ရပါတယ်။ ဒါ့ကြောင့် ဖော့ခလိုရီဟာ...

ဂရမ်မီဆု ဆန်ကာတင်စာရင်းမှာ ဆု ၉ ခုနဲ့ ဘီယွန်ဆေး အများဆုံးပါဝင်

ဂီတအနုပညာရှင်တွေ တန်ဖိုးထားတဲ့ ဂရမ်မီဆုအတွက် ဒီနှစ်ဆန်ကာတင်စာရင်းကို အင်္ဂါနေ့က ထုတ်ပြန်ရာမှာ ဘီယွန်ဆေးက ၉ ဆုနဲ့ အများဆုံးပါဝင်နေပါတယ်။ တခြားနာမည်ကျော် အဆိုတော်တွေဖြစ်ကြတဲ့ တေလာဆွစ်၊ ဒူအာလီပါ၊ ရော့ဒီရစ်ခ်ျနဲ့ ကွင်းဘေးတို့ကတော့ ဆု ၆ ခုရဲ့ဆန်ကာတင်စာရင်းထဲ ပါဝင်ပါတယ်။ ၆၃ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲအခမ်းအနားကို...

ဥရောပဂီတထူးချွန်ဆုပေးပွဲမှာ BTS အဖွဲ့ ဆု ၄ ဆု ရရှိ

နာမည်ကျော် K-pop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTS ဟာ ဒီနှစ် MTV ဥရောပဂီတထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံးသီချင်းဆုအပါအဝင် ၄ ဆု ဆွတ်ခူးရရှိကြောင်း သိရပါတယ်။ ၇ ဦးပါဝင်တဲ့ BTS K-pop အဖွဲ့ဟာ COVID-19 ကာလအတွင်း အွန်လိုင်းကတစ်ဆင့် အကောင်းဆုံး ဖျော်ဖြေတင်ဆက်ပေးနိုင်တဲ့ဆု၊ အကောင်းဆုံးတေးဂီတအဖွဲ့ဆုနဲ့ ပရိသတ်အားပေးမှုအကောင်းဆုံးဆုတွေကိုလည်း ရရှိပါတယ်။