မိတ်ဖြစ်ဆွေဖြစ်ခွဲခွာခြင်း

မိုးသာမရွာခဲ့ဘူးဆိုရင် ရုပ်ရှင်ရုံထဲကထွက် တာနဲ့ အိမ်ကို လမ်းလျှောက်ပြန်ရုံရှိပါတယ်။ ကျွန် တော့်တိုက်ခန်းက ရုပ်ရှင်ရုံနဲ့ အနီးလေးမှာပါ။ ဒါပေမဲ့ လမ်းက ဖြောင့်ဖြောင့်ရှင်းရှင်းတော့မဟုတ်ဘူး။ ရုပ်ရှင်ရုံကနေ လမ်းကျယ်ဘက်ကို တည့်တည့် ဆင်းသွားရင် ဖြတ်လမ်းတစ်ခုကိုတွေ့မယ်။ အဲဒီက နေ ညာဘက်ကိုကွေ့လိုက်၊ လမ်းနှစ်လမ်းလွန်တာနဲ့ တတိယမြောက်လမ်း ရုဒီဂရင်းနဲလ်ကိုရောက်မယ်။ အဲဒါ ကျွန် တော်နေတဲ့လမ်းပဲ။ မိုးကရွာနေတော့ တက္ကစီစီးဖို့ဖြစ်လာတာပေါ့။ ကားပေါ်ရောက်မှ ဒရိုင်ဘာကို သတိထား ကြည့်မိတယ်။သူ့ပုံစံက မျက်နှာ နီစပ်စပ်နဲ့ အသက်...

ဆားငန်ရည်

မနက်က မင်းခန့်၏စကားကြောင့် မိဘတို့၏ဝတ္တရားထဲက ထိမ်းမြားခြင်းဆိုသည့် ဝတ္တရားတစ်ခု တာဝန်မကျေသေးမှန်း ကိုကျော်သူရ မိမိကိုယ်ကို သတိထားမိလိုက်သည်။ "အဖေ၊ သားမှာချစ်သူရှိနေပြီ။ အဲဒါ အဖေတို့၊ အမေတို့နဲ့မိတ်ဆက်ပေးချင်လို့ မနက်ဖြန် အိမ်ခေါ်ခဲ့မယ်နော်" ချိုသာပြီး ဆိုးနွဲ့သည့်လေသံဟန်ပန်လေးဖြင့် မိဘဆီခွင့်တောင်းသည့် မင်းခန့်၏စကားတွေကိုပြန်ကြားပြီး ကိုကျော်သူရ ပြုံးလိုက်မိသည်။ ဘေးနားက မိန်းမကို ကြည့်လိုက်တော့ တရှူးရှူးတရှဲရှဲဖြင့် အိပ်မက်ထဲမှာတောင် နတ်သားတွေနှင့် တွေ့နေပြီလားမသိ။ နာရီကိုတစ်ချက်ကြည့်လိုက်မိတော့ ၁၁ နာရီပင်ခွဲနေပြီ။ အခါတိုင်း သည်အချိန်ဆို ကိုကျော်သူရ အိပ်ပျော်နေပြီဖြစ်သော်လည်း...

မေတ္တာလည်ပြန်

"လာခဲ့စမ်း ကိုဟိန်း။ နင်ဘယ်တွေလျှောက်သွားနေတာလဲ။ ကြည့်စမ်း.... ဘယ်အချိန်ရှိနေပြီလဲ" အမေဖြစ်သူဒေါ်ခင်ထားက အိမ်ရှေ့ခြံဝမှဝင်လာသောသားဖြစ်သူကို ဒေါသ တကြီးနှင့် ဖိနပ်ချွတ်ခုံပေါ်တွင်ထိုင်နေရင်း အော်ခေါ်လိုက်သည်။ "သား....ဘယ်မှမသွားပါဘူးအမေ" "ဘယ်မှ မသွားဘူးတာဆိုတယ် အခုကြည့် ညနေထမင်းစားချိန်တောင်ရောက် နေပြီ။ ကဲဟယ်....ကဲဟယ်" ဒေါ်ခင်ထားက စိတ်မထိန်းနိုင်ဘဲ သားဖြစ်သူကို တွေ့ရာတုတ်နှင့် ဆွဲ၍ ရိုက်သည်။ ပါးစပ်ကလည်း- "နောက်....အခုလို အိမ်ပြန်နောက်ကျဦး....အိမ်ပြန်နောက်ကျဦး"ဟု ဆိုကာ ပြောလည်းပြော ရိုက်လည်းရိုက်သည်။ "ကြောက်ပါပြီအမေရဲ့....သားကြောက်ပါပြီ။ နောက်....နောက်မကျစေရ ပါဘူး အီး....ဟီး....ဟီး" ကိုဟိန်းက ပါးစပ်မှ သူ့အမေကိုကတိပေးရင်း ငိုသည်။ "သွား....အိမ်ပေါ်တက် ထမင်းသွားစားတော့" ဒေါ်ခင်ထား ဆူလိုက်သဖြင့် ကိုဟိန်း...

အရာအားလုံးကိုဝါးမျိုသောမီး ဘာ့ကြောင့်မညစ်

တစ်ခါတုန်းက အမည်အားဖြင့် "ဘရီဂူ" ဟူသော ပဏ္ဍိတ်ကြီးတစ်ဦး ရှိခဲ့လေသည်။ သူသည် ကြီးကျယ်သော လူကြီး လူကောင်းတစ်ဦးအဖြစ် လူနှင့်နတ်ဒေ၀တာတို့က လေးစား ကြည်ညိုကြသည်။ လူ့အဖွဲ့အစည်း၏ ခေါင်းဆောင်လည်း ဖြစ်ခဲ့ သည်။ သူသည် ဒေ၀ကျမ်းများစွာကို သင်ကြားခဲ့သည်။ သူသည် ခရီးအနှံ့အပျံ့သွားခဲ့သည်။ ကမ္ဘာလောကကြီး ခုနစ်ခုစလုံးကို ကြည့်မြင်အောင် သွားခဲ့ခြင်းဖြစ်သည်။ တစ်ကြိမ်တွင် သူ၏ခရီးစဉ်အတွင်း "ပဌာလ"သို့ ရောက်ခဲ့၏။ "ပဌာလ"သည် မြေအောက်ကမ္ဘာလောကဖြစ်သည်။ ထိုအရပ်တွင် "ဓဣယ" မည်သော...

ဇာတ်ညွှန်းရေးဆရာ ဆုဩချယ်နှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၁၇ ခုနှစ် အကယ်ဒမီထူးချွန်ဆုပေးပွဲအတွက် ရွေးချယ်ထားသည့် အကယ်ဒမီစာရင်းဝင်ဇာတ်ကား ၅၃ ကားတွင် နေခြည်မှာရွှေရည်လောင်းဇာတ်ကားလည်းအပါအဝင်ဖြစ်သည်။ အဆိုပါရုပ်ရှင်ဇာတ်ကားသည် ဒီမိုကရေစီရုပ်ရှင်ပွဲတော်တွင် ပါဝင်ပြသခဲ့သော ရုပ်ရှင်ဇာတ်ကားတစ်ကားလည်းဖြစ်ရာ ယင်းရုပ်ရှင်ဇာတ်ကားကို ဇာတ်ညွှန်းရေးဖွဲ့ထားသူ ဇာတ်ညွှန်းဆုဩချယ်နှင့်တွေ့ဆုံ၍ အကယ်ဒမီရင်ခုန်သံများ၊ အကယ်ဒမီနှင့်ပတ်သက်သည့် အကြောင်းအရာများနှင့် နေခြည်မှာရွှေရည်လောင်းရုပ်ရှင်ဇာတ်ကား အမှတ်တရများကို ကောက်နုတ်ဖော်ပြလိုက်ရပါသည်- မေး - ၂၀၁၇ ခုနှစ်အကယ်ဒမီက အလုပ်အမှုဆောင်သစ်ရဲ့ ပထမဆုံးတာဝန်ယူရတဲ့ပွဲဆိုတော့ အရင်နှစ်တွေနဲ့မတူ ထူးထူးခြားခြားဖြစ်မယ်လို့ ထင်မိလား။ ဖြေ - အလုပ်အမှုဆောင်သစ်ဆိုပေမယ့် နဂိုရှိရင်းစွဲ အကယ်ဒမီဆုရဲ့ စည်းစနစ်မူဝါဒအတိုင်းလုပ်တဲ့အတွက်...

အိပ်မက်တစ္ဆေ

( ၁ ) အိပ်မက်ထဲမှာ ကိုယ့်ကိုယ်ကိုယ် "အပြင်လူ" တစ်ယောက် လို မြင်နေရသည်။ အိပ်မက်ထဲမှာ "မြိုင်" ကို ကျွန်တော်ရောက် သွားသည်။ (အိပ်မက်ထဲက "မြိုင်"မှာ ကျွန်တော့်ဇာတိမွေးရပ်မြေ "မြိုင်" နှင့် သိပ်တော့မတူလှပါ) အိပ်မက်ထဲမှ နှမဝမ်းကွဲ ငွေမြိုင်က "ပခုက္ကူရောက်လို့ လှည့်ဝင်လာတာလား" ဟု ကျွန်တော့်ကိုမေးရာ ကျွန်တော်က "ပခုက္ကူကိုတောင် မရောက်ခဲ့ပါဘူးဟာ" ဟု ဖြေ လိုက်မိသည်။ "ဟင်....ပခုက္ကူမရောက်ဘဲနဲ့ မြိုင်ရောက်အောင် ဘယ်လိုလာသလဲ"...

မြန်မာ့စိတ်ရင်း

( ၁ ) နွေဦးဆိုပေမယ့် ဦးခေါင်းပေါ်တည့်တည့်ရောက်နေသော နေအပူရှိန်က နွေကို သစ္စာရှိနေသည်။ ဆိုင်ကယ်စီးနေသည်မို့ ဖြတ်သန်းလာသော လေနုအေးအေးလေးကို ကျေးဇူးတင်နေမိသည်။ တစ်ချက်တစ်ချက် ထိုလေနုအေးတွေကြားထဲမှာ လေပူတချို့ ရောယှက်နေတတ်သည်။ မိမိနေထိုင်ရာညောင်ပင်သာနှင့် အတန်အသင့်ဝေးသောရွာမှ အမေ၏ညီမ ကျန်းမာ ရေးမကောင်းသဖြင့် ဒီလမ်းခရီးကို နှစ်ရက်ခြားတစ်ခါလောက် ရောက်ဖြစ်နေသည်။ ခါတိုင်းရက်တွေမှာတော့ ညနေခင်းလူနာပါးသည့် ည ၇ နာရီကျော်မှ သွားဖြစ်သည် ။ တစ်နေ့က ထိုရွာမှ ဆွေမျိုးများနှင့် စကားကောင်းနေသဖြင့် အတော်နှင့်မပြန်ဖြစ်။ ပြန်လာချိန်ထက်...

မိုးချုန်းသံနှင့် လျှပ်စီးလျှပ်ပန်းများ

ရှေးရှေးအခါတုန်းက မယ်ကမ္ဘာမြေဟာ အလွန်လှပတဲ့ အပျိုစင်ကလေးတစ်ယောက် ဖြစ်ပါသတဲ့။ သူ့ဆံပင်ရှည်တွေဟာ နက်မှောင်ပြီး ချောမွေ့တောက်ပပြောင်လက်နေတယ်။ သူ့မျက်လုံးတွေကလည်း လရောင်ကင်းတဲ့ညတွေလို မည်းနက်နေတယ်။ ဖိတ်ဖိတ်တောက်ပြီး ပြောင်လက်နေတယ်။ အသားအရည် ကတော့ ဝင်းမှည့်နေတဲ့ ဂျုံခင်းလို ရွှေရောင်တောက်ပနေတယ်။ ဒါကြောင့် ရွာထဲမှာရှိကြတဲ့ ယောက်ျားလေးတွေဟာ မယ်ကမ္ဘာမြေကိုချစ်ကြတယ်။ လက်ထပ်ပေါင်းသင်းလိုကြတယ်။ သို့ပေမယ့် မယ်ကမ္ဘာက သူတို့ကိုရယ်မောပြပြီး သူ့နောက်လိုက် ဖမ်းဖို့ကြံတိုင်း လွတ်ပြေးသွားတယ်။ သူက အပြေးကလည်း မြန်လှတဲ့မိန်းမပျိုလေးဖြစ်လေတော့ သူ့ကိုတစ်ယောက်မှ ဖမ်းမမိပါဘူး။ အခုဆိုရင် သူ့ကိုချစ်ရေးဆိုတဲ့...

အပင်ငရဲ

နိမိတ်အရိပ်တွေလားဟု သူတွေးသည်။ နိမိတ်အရိပ်တွေဆိုလျှင် သည်လိုတောအုပ်ထူထူထဲထဲကြီးကို တစ်ချိန်ချိန်တွင် သူရောက်လေမည်လားဟု တွေးမိကာ သူကြက်သီးတွေ ထလာပြန်သည်။ တောကထူထူနက်နက်၊ တောကောင်ကြီးတွေကလည်း ရှိနေလေတော့ သူပို၍ ထိတ်သွားသည်။ လူက မန်ကျည်းပင်ကြီးအောက်က ဝါးပက်လက် ကုလား ထိုင်ပေါ်တွင်ရောက်နေသည်။ မနက်စာစားပြီးကတည်းက ထို ကုလားထိုင်ပေါ်တွင် ဦးတောကျော်ထိုင်နေခြင်းဖြစ်သည်။ ရာသီ ဥတုကတော့ မနက်နေထွက်လာသည်နှင့် လေပွေရိုက်လိုက်သည့် မီးသွေးဖိုမှ မီးသွေးမီးတွေထတောက်လာသလို ပူလာသည်။ ဦးတောကျော်၏ခြံထဲတွင် သစ်ပင်ကြီးလေးပင်ရှိသည်။ မန်ကျည်းပင်နှစ်ပင်၊ သရက်ပင်တစ်ပင်နှင့် ထနောင်းပင် တစ်ပင်က...

နန်းတော်ရှေ့ဆရာတင်၏ ဝါဒသီချင်းများထဲမှ ကျေးရွာဝါဒ

"နန်းတော်ရှေ့ဆရာတင်" ဟုဆိုလျှင် အနုပညာဝင်စားသူအားလုံးက စွယ်စုံအနုပညာရှင်အဖြစ် ရှုမြင်လက်ခံကြသည်။ စာပေ၊ ဂီတ၊ ဇာတ်သဘင်စသည့် အနုပညာရပ်ဝန်းများ၌ စံပြုရသည့်ပညာရှင်ကြီးလည်းဖြစ်သည်။ ယနေ့ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ဇာတ် သဘင်လောက၌ ကျင်လည်ကျက်စားနေကြသူတိုင်းသည် နန်းတော်ရှေ့ဆရာတင်၏ ကျေးဇူးတရားနှင့် မကင်းကြ။ ဆရာတင်၏ တရား၊ ဓမ္မ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ တေး သီချင်းများသည် သူဖြတ်သန်းရာ၊ သူ့ခေတ်သူ့အခါကို သူကျွမ်းကျင်ရာအနုပညာဖြင့် သူရှုမြင်တတ်သလို ကမ္ပည်းရေးထိုးခဲ့ခြင်းဖြစ်သည်။ ဥပမာ-ဓမ္မစကြာ၊...