မိတ်ဖြစ်ဆွေဖြစ်ခွဲခွာခြင်း

မိုးသာမရွာခဲ့ဘူးဆိုရင် ရုပ်ရှင်ရုံထဲကထွက် တာနဲ့ အိမ်ကို လမ်းလျှောက်ပြန်ရုံရှိပါတယ်။ ကျွန် တော့်တိုက်ခန်းက ရုပ်ရှင်ရုံနဲ့ အနီးလေးမှာပါ။ ဒါပေမဲ့ လမ်းက ဖြောင့်ဖြောင့်ရှင်းရှင်းတော့မဟုတ်ဘူး။ ရုပ်ရှင်ရုံကနေ လမ်းကျယ်ဘက်ကို တည့်တည့် ဆင်းသွားရင် ဖြတ်လမ်းတစ်ခုကိုတွေ့မယ်။ အဲဒီက နေ ညာဘက်ကိုကွေ့လိုက်၊ လမ်းနှစ်လမ်းလွန်တာနဲ့ တတိယမြောက်လမ်း ရုဒီဂရင်းနဲလ်ကိုရောက်မယ်။ အဲဒါ ကျွန် တော်နေတဲ့လမ်းပဲ။ မိုးကရွာနေတော့ တက္ကစီစီးဖို့ဖြစ်လာတာပေါ့။ ကားပေါ်ရောက်မှ ဒရိုင်ဘာကို သတိထား ကြည့်မိတယ်။သူ့ပုံစံက မျက်နှာ နီစပ်စပ်နဲ့ အသက်...

မြန်မာ့စိတ်ရင်း

( ၁ ) နွေဦးဆိုပေမယ့် ဦးခေါင်းပေါ်တည့်တည့်ရောက်နေသော နေအပူရှိန်က နွေကို သစ္စာရှိနေသည်။ ဆိုင်ကယ်စီးနေသည်မို့ ဖြတ်သန်းလာသော လေနုအေးအေးလေးကို ကျေးဇူးတင်နေမိသည်။ တစ်ချက်တစ်ချက် ထိုလေနုအေးတွေကြားထဲမှာ လေပူတချို့ ရောယှက်နေတတ်သည်။ မိမိနေထိုင်ရာညောင်ပင်သာနှင့် အတန်အသင့်ဝေးသောရွာမှ အမေ၏ညီမ ကျန်းမာ ရေးမကောင်းသဖြင့် ဒီလမ်းခရီးကို နှစ်ရက်ခြားတစ်ခါလောက် ရောက်ဖြစ်နေသည်။ ခါတိုင်းရက်တွေမှာတော့ ညနေခင်းလူနာပါးသည့် ည ၇ နာရီကျော်မှ သွားဖြစ်သည် ။ တစ်နေ့က ထိုရွာမှ ဆွေမျိုးများနှင့် စကားကောင်းနေသဖြင့် အတော်နှင့်မပြန်ဖြစ်။ ပြန်လာချိန်ထက်...

လူ့အသိစိတ်ဓာတ်

ဒီနေ့က ဒေါက်တာဘမောင်၏ နိုက်ဂျူတီဆင်းရမည့်နေ့တစ်နေ့ လက်ထောက်ဆရာဝန်တွေ အလှည့်ကျတာဝန်ယူရတဲ့ဂျူတီပေါ့။ လက်ထောက်ဆရာဝန်လေးဘမောင်က နေ့နှင့်ည တာဝန်ယူရမည့်အလှည့်ပေါ့။ လူနာတွေမများပါစေနဲ့လို့ ထုံးစံအတိုင်းဆုတောင်းနေရပါတယ်။ လူနာတွေများလျှင် ညဘက်ကောင်းကောင်းမအိပ်ရ။ လူနာတွေကိုလိုက်ပြီး ဆေးထိုးနေရတာနဲ့ တစ်ခါတလေ ည ၁၂ နာရီမှပြီးတော့တယ်။ ကိုယ့်အလုပ်ပြီးလို့ အနားရမလားဆိုတော့ အရေးပေါ်ရောက်လာတဲ့ လူနာသစ်တွေရှိနေပြန်လျှင် အိပ်ဖို့အခွင့်မသာပြန်ဘူး။ ဒီတော့ လူနာမများပါစေနဲ့လို့ ဆုတောင်းရတာပေါ့။ ဒီနေ့ကလည်း အခါကြီးရက်ကြီးမဟုတ်လေတော့ အိပ်ရတန်ကောင်းရဲ့လို့တွေးပြီး ဒေါက်တာဘမောင်တစ်ယောက် ပျော်နေတာပေါ့။ အဲ....အဲ.... သို့သော်လည်းပဲ သူ့ဆုတောင်းက မပြည့်ခဲ့ပါ။ ရောက်လာတဲ့...

တစ်ပတ်နွမ်းသို့ တမ်းချင်းဝေဒနာ

လူပျိုကြီးကိုဖိုးဇော်တစ်ယောက် ညဦးပိုင်းက ဆေးတစ် ခွက်သောက်ပြီး အိပ်သွားပေမယ့် တစ်ရေးနိုးတဲ့အထိ သိပ်မသက် သာလို့ဖြစ်မယ်။ "တကျွတ်ကျွတ်၊ တဟင်းဟင်း" ညည်းတွားရင်းက တစ်စုံတစ်ရာကိုလည်း နှုတ်ကနေ သူ့တစ်ကိုယ်စာကြားသာရုံ လေး ရေရွတ်လိုက်တယ်။ "ဪ....ခုတော့လည်း ဝေဒနာကို စာနာပေးမယ့်သူ ဝေးလို့ ဘယ်လိုနေ၊ ဘယ်လိုထိုင်၊ ဘယ်လိုရပ်တည်နေတယ် ဆိုတာကိုတောင် သိချင်ကြတော့တာမှမဟုတ်ဘဲ။ ဘယ်သူ့ကိုမှလဲ အပြစ်တင်ချင်တယ်တော့ မဟုတ်ပေမယ့် ဒီလိုအချိန်မျိုးမှာ မင်းကိုတော့ သတိရမိတာအမှန်ပဲတစ်ခုလပ်မရေ" တကယ်တော့ လက်ရှိမှာ တစ်ကိုယ်တည်း ဘ၀ဖြစ်နေလို့ သာ...

ကျွန်တော်နှင့် သရက်တစ်ပင်

( ၁ ) ကျွန်တော်သည် ရုက္ခဗေဒဘာသာရပ်ကို ကောင်းစွာ သင်ကြားဖူးသူမဟုတ်သလို စိုက်ပျိုးရေးအသိ၊ စိုက်ပျိုးရေး အတတ်ပညာနှင့် ဒုံးဝေးသူဖြစ်၏။ ကျွန်တော် သုံးကြိမ်မြောက် အလွတ်ဖြေဆို၍ အောင်မြင်ခဲ့သည့် ၁၀ တန်းကလည်း ဝိဇ္ဇာ ဘာသာတွဲ။ ကျွန်တော်ရခဲ့သည့်ဘွဲ့ကလည်း သမိုင်းအဓိက။ သမိုင်းဘာသာရပ်။ ဒါကြောင့် ဘယ်သစ်ပင်၊ ဘယ်အချိန်စိုက်၍ အဘယ်မျှ ကြာလျှင် ပွင့်မည်၊ သီးမည်ကို ကျွန်တော်မသိပါ။ မိရိုးဖလာ စိုက်ပျိုး စားသောက်နေသော တောင်သူယာလုပ် ဓားမခုတ်အလုပ်က လည်း...

အမွေကိုယ်စီ

"ကလင်....ကလင်" ဖုန်းမြည်သံကြားသဖြင့် ဖုန်းကိုကောက်ကိုင်လိုက်သည်။ "ဟဲလို ဟဲလို ကိုကြီး" တစ်ဖက်မှမိန်းကလေး၏အသံကို ကောင်းစွာမှတ်မိနေသည်။ "ညီမလေး မိထွေးပြောလေ" "ဖေဖေက ဒီတစ်ရက်၊ နှစ်ရက်အတွင်း ရွာပြန်လာခဲ့ဦးတဲ့" ကျွန်တော်စိတ်ပူသွားပါသည်။ "အဖေ ဘာဖြစ်လို့လဲ" "ဘာမှမဖြစ်ပါဘူး။ ပြောစရာလေးရှိလို့တဲ့" ညီမလေး၏အသံသည် ပုံမှန်ပြောနေကျ အသံမို့ စိတ်အေးသွားသည်။ "ဟုတ်ပြီ၊ အစ်ကိုကြီး လာခဲ့မယ်နော်" "ဟုတ် ဒါပဲနော်" "အေး....အေး" "ရွာကိုပြန်ရမှာမို့ ပျော်နေတယ်ပေါ့လေ" ချစ်ဇနီး၏စကားကို အပြုံးဖြင့်တုံ့ပြန် တော့ မျက်စောင်းတစ်စုံရောက်လာလေသည်။ "ကိုယ်လည်းရုံးသွားပြီး ခွင့်တင်လိုက်ဦးမယ်" ပြောပြောဆိုဆိုထွက်လာခဲ့သည်။ ( ၂ ) ချင်းတွင်းမြစ်အထက်ပိုင်းတွင် တာဝန်ကျ၍ ရွာကိုမရောက်တာတော်ကြာလေပြီ။ အခုမှ ရွာကိုလွမ်းသလိုလို ရှိလာတော့သည်။ ရွာအဝင်မှာတော့ ညီမလေးနှင့် ကိုလတ်...

စာရေးဆရာနှင့် သူ၏ဇာတ်ကောင်များ

ပေရွက်လွှာ ကလောင်စွဲလို့ စားပွဲ၌ထိုင်ကာသာ။ တွေးတောနေရှာ။ စာရေးဆရာသူပါပဲထင်ရဲ့။ စိတ်ကူး တယဉ်ယဉ်နဲ့ စာဖတ်သူ ကြည်ကြည်ရွှင်ဖို့ ဓာတ်ပုံသွင် စီစဉ်တွေးလို့ရယ် ရေးတော့တယ်ကွယ့်။ စာကြည့်စားပွဲ၌ထိုင်လိုက်သည်နှင့် ဆရာမ ကြီးငွေတာရီရေးဖွဲ့ခဲ့သော ကဗျာလေး သည် စာရေးဆရာ၏ အတွေးထဲသို့ ဝင်လာသည်။ ထို့နောက် အတွေးများဖြန့်လိုက်၏။ အတွေးကောင်းပေါ်လာသည်နှင့် ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးလိုက်သည်။ ဇာတ်လမ်း၏မြစ်ဖျားခံရာကာလ၊ ဒေသတို့ကို အတွေးဖြင့်အလည်သွား၍ထည့်သွင်းရမည့် ဇာတ် ကောင်များအား ပုံဖော်၏။ စာရေးဆရာအတွေး သွက်သည့်အလျောက် ဖောင်တိန်လေး သည် စာရွက်ပေါ်တွင် ကူးလာခေါက်ပြန်စီးဆင်းနေလေသည်။ အသက် (၂၅) နှစ်ခန့် ယောင်္ကျာလေးများဖြစ်သော ဇာတ်ကောင်(၁)...

ဆားငန်ရည်

မနက်က မင်းခန့်၏စကားကြောင့် မိဘတို့၏ဝတ္တရားထဲက ထိမ်းမြားခြင်းဆိုသည့် ဝတ္တရားတစ်ခု တာဝန်မကျေသေးမှန်း ကိုကျော်သူရ မိမိကိုယ်ကို သတိထားမိလိုက်သည်။ "အဖေ၊ သားမှာချစ်သူရှိနေပြီ။ အဲဒါ အဖေတို့၊ အမေတို့နဲ့မိတ်ဆက်ပေးချင်လို့ မနက်ဖြန် အိမ်ခေါ်ခဲ့မယ်နော်" ချိုသာပြီး ဆိုးနွဲ့သည့်လေသံဟန်ပန်လေးဖြင့် မိဘဆီခွင့်တောင်းသည့် မင်းခန့်၏စကားတွေကိုပြန်ကြားပြီး ကိုကျော်သူရ ပြုံးလိုက်မိသည်။ ဘေးနားက မိန်းမကို ကြည့်လိုက်တော့ တရှူးရှူးတရှဲရှဲဖြင့် အိပ်မက်ထဲမှာတောင် နတ်သားတွေနှင့် တွေ့နေပြီလားမသိ။ နာရီကိုတစ်ချက်ကြည့်လိုက်မိတော့ ၁၁ နာရီပင်ခွဲနေပြီ။ အခါတိုင်း သည်အချိန်ဆို ကိုကျော်သူရ အိပ်ပျော်နေပြီဖြစ်သော်လည်း...

အပင်ငရဲ

နိမိတ်အရိပ်တွေလားဟု သူတွေးသည်။ နိမိတ်အရိပ်တွေဆိုလျှင် သည်လိုတောအုပ်ထူထူထဲထဲကြီးကို တစ်ချိန်ချိန်တွင် သူရောက်လေမည်လားဟု တွေးမိကာ သူကြက်သီးတွေ ထလာပြန်သည်။ တောကထူထူနက်နက်၊ တောကောင်ကြီးတွေကလည်း ရှိနေလေတော့ သူပို၍ ထိတ်သွားသည်။ လူက မန်ကျည်းပင်ကြီးအောက်က ဝါးပက်လက် ကုလား ထိုင်ပေါ်တွင်ရောက်နေသည်။ မနက်စာစားပြီးကတည်းက ထို ကုလားထိုင်ပေါ်တွင် ဦးတောကျော်ထိုင်နေခြင်းဖြစ်သည်။ ရာသီ ဥတုကတော့ မနက်နေထွက်လာသည်နှင့် လေပွေရိုက်လိုက်သည့် မီးသွေးဖိုမှ မီးသွေးမီးတွေထတောက်လာသလို ပူလာသည်။ ဦးတောကျော်၏ခြံထဲတွင် သစ်ပင်ကြီးလေးပင်ရှိသည်။ မန်ကျည်းပင်နှစ်ပင်၊ သရက်ပင်တစ်ပင်နှင့် ထနောင်းပင် တစ်ပင်က...

နန်းတော်ရှေ့ဆရာတင်၏ ဝါဒသီချင်းများထဲမှ ကျေးရွာဝါဒ

"နန်းတော်ရှေ့ဆရာတင်" ဟုဆိုလျှင် အနုပညာဝင်စားသူအားလုံးက စွယ်စုံအနုပညာရှင်အဖြစ် ရှုမြင်လက်ခံကြသည်။ စာပေ၊ ဂီတ၊ ဇာတ်သဘင်စသည့် အနုပညာရပ်ဝန်းများ၌ စံပြုရသည့်ပညာရှင်ကြီးလည်းဖြစ်သည်။ ယနေ့ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ဇာတ် သဘင်လောက၌ ကျင်လည်ကျက်စားနေကြသူတိုင်းသည် နန်းတော်ရှေ့ဆရာတင်၏ ကျေးဇူးတရားနှင့် မကင်းကြ။ ဆရာတင်၏ တရား၊ ဓမ္မ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ တေး သီချင်းများသည် သူဖြတ်သန်းရာ၊ သူ့ခေတ်သူ့အခါကို သူကျွမ်းကျင်ရာအနုပညာဖြင့် သူရှုမြင်တတ်သလို ကမ္ပည်းရေးထိုးခဲ့ခြင်းဖြစ်သည်။ ဥပမာ-ဓမ္မစကြာ၊...